မိုးညိုမြို့၌ ငလျှင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်

မိုးညို မတ် ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်ရှိ ဒဂုံကျောင်းတိုက်၌ ယမန်နေ့ မွန်းလွဲပိုင်းက ငလျှင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဖုန်းလွင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးသော်ထက်အောင်က ငလျှင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း‌ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဦးစီးမှူး ဒေါ်သန္တာဦးလွင်က သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း‌ ဆောင်ရွက်မည့်အစီအစဉ်များအား ပြောကြားသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ လူမှုရေးအသင်းအဖွဲ့များ၊ ယဉ်ကျေးလိမ္မာတက်ရောက်နေသူများပူးပေါင်း၍ ငလျှင်လှုပ်ခတ်ပါက ပြုလုပ်ရမည့်ပုံစံများ၊ စုရပ်သို့ခိုလုံခြင်း၊ ဒဏ်ရာရသူအားကယ်ထုတ်ခြင်းနှင့်ရှေးဦးပြုစုခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့်ကျန်းမာရေးဌာနသို့ ပို့ဆောင်ခြင်း၊ ထောက်ပံ့ပေးအပ်ခြင်း အစရှိသည်တို့ကို ဇာတ်တိုက်လေ့ကျင့်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)