နေပြည်တော် မတ် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်အတွင်းရှိ “မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်” ကျည်တောင်ကန်မူကြိုကျောင်း၊ အေးမြင့်သာယာမူကြိုကျောင်းနှင့် ရေဆင်းမူကြို ကျောင်းများအား ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်တွင် ပညာသင်ကြား/သင်ယူခဲ့ပြီးဖြစ်ပါသဖြင့် ကျောင်းဆင်းဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ဇေယျာသီရိခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လွင်လွင်ကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူကြိုကျောင်းများအား အဘက်ဘက်မှထောက်ပံ့ပေးခဲ့သည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။ ဆက်လက်၍ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအသင်း (ဇေယျာသီရိခရိုင်/မြို့နယ်) များမှ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ကျောင်း (၃) ကျောင်း၏ လှုပ်ရှားမှုပုံရိပ်များနှင့်ပြုပြင်၊ ထိန်းသိမ်း၊ မွမ်းမံမှုလုပ်ငန်းဆောင် ရွက်ချက်များအား video clip ကိုပြသခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများအား ပညာသင်ကြားပေးခဲ့သည့် ဆရာမများကို ဂုဏ်ပြုဒိုင်းဆုများနှင့် ရေဆင်းမူကြိုကျောင်း၊ ကျည်တောင်ကန်မူကြိုကျောင်းနှင့် အေးမြင့်သာယာမူကြိုကျောင်းတို့မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် သင်ယူပြီးမြောက်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများကို ကျောင်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ဆိုပါအခမ်းအနားတွင် ရေဆင်းမူကြိုကျောင်း၊ ကျည်တောင်ကန်မူကြိုကျောင်းနှင့် အေးမြင့်သာယာမူကြိုကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူကလေးငယ်များက တေးသရုပ်ဖော်အက အလှများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း (ဇေယျာမြေ)