အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်း တားဆီးကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းယောင်း ဇွန် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့က အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်း တားဆီးကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာသူများက မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရန် ကြိုတင်တားဆီးကာကွယ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ခရိုင်ထွေ/အုပ်ရုံး၌ ရက် ၁၀၀ လုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဗလမင်းထင်ခန်းမ၌ ရက် ၁၀၀ အတွင်း ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကိုလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း