တိုက်ကြီးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပ

တိုက်ကြီး ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ဘူတာရပ်ကွက် သာသနာ့ဗိမာန်နှင့် ရှမ်းစုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းကြီးကြပ်မှုဖြင့် ကျန်းမာရေးမှူး-၄ (အနာကြီး) ဆရာဦးလှမင်းထက်၊ သားဖွားဆရာမ ဒေါ်မိုးပပနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စန်းယုမေနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ရှမ်းစုရပ်ကွက်အတွင်းရှိ ပြည်သူ ၁၈၀ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ကို ထိုးနှံပေးခဲ့ပြီး ဘူတာရပ်ကွက်နှင့် ရှမ်းစုရပ်ကွက်အတွင်းရှိ ပြည်သူများအား အနာကြီးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)