မောင်တော ဩဂုတ် ၁၁
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ၄ မိုင်ရပ်ကွက်အတွင်းရှိ စိုက်ဧကများအတွင်း ဆင်းသုခစပါးပျိုးသက်နု စိုက်ပျိုးနေမှု၊ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား ယမန်နေ့ညနေပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး သည် ခရိုင်အဆင့် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ၄ မိုင်ရပ်ကွက်၊ ကွင်းအမှတ် (၁၁၁) အခေါင်းပေါက် မြောက်ကွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေဧက ၄.၂၀ ဧက တွင် ဆင်းသုခစပါးပျိုးသက်နု စိုက်ပျိုးနေမှု၊ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆင်းသုခစပါး ပျိုးသက်နု ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြကာ လိုအပ်သည်များအား လမ်းညွှန်မှကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)