တွံတေး သြဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ငှက်ဖျားရောဂါကင်းဝေးရေး ကွင်းဆင်းလုပ်ငန်းဆောင်ရွက်မှုသင်တန်းကို မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ(ပထမအသုတ်) အဖြစ် ယနေ့နံနက်ပိုင်းက ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် တွံတေးခရိုင်၊ ခရိုင်ကုသရေးဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာမျိုးဇော်လှက အမှာစကားပြောကြားပြီး သင်တန်းဦးဆောင်ပို့ချသူ အဖွဲ့ခေါင်းဆောင် ဆရာ၀န် ဒေါက်တာရွှေစင်မောင်မောင်(VBDC)တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျာရောဂါကင်းဝေးရေး ကွင်းဆင်းဆောင်ရွက်မည့်လုပ်ငန်းများအား သြဂုတ်လ ၂၃ ရက်နေ့မှ ၂၅ရက်နေ့အထိ သင်တန်းများ ပို့ချဆွေးနွေးခဲ့ကြောင်း သိရသည်။
သင်တန်းသို့ ခရိုင်ဆရာဝန်ကြီး၊ VBDC အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရွှေစင်မောင်မောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်း(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒုတိယအသုတ်အဖြစ် သြဂုတ် ၂၈ ရက်နေ့တွင် ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဦးမျိုးလှိုင်