အမ်း ဩဂုတ် ၂၅
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ လမ်းညွှန်မှုဖြင့် အမှတ် (၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ အမ်းယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အမ်းမြို့ မြို့ဝင်ကျော်ဇံဆီဆိုင်ကုန်း လမ်းဆုံတွင် ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအား လိုက်နာနိုင်ရေး အသိပညာပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ရာတွင် အမှတ် (၂၁) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု၊ အမ်းယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူးဒုရဲအုပ် သန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သက်မွန်ဖြိုးနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းတို့ပူးပေါင်း၍ မော်တော်ဆိုင်ကယ် (၃၀) စီးခန့်အား မော်တော်ဆိုင်ကယ်စီးနှင်းရာတွင် နှစ်ဦးထက်ပိုမစီးနင်းကြရန်၊ ဆိုင်ကယ်စီးသူတိုင်း လုံခြုံစိတ်ချရသော ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း မေးသိုင်းကြိုးတပ်ဆင် မောင်းနှင်ကြရန် လမ်းညာဘက်သို့ ကပ်မောင်းကြရန်နှင့် ယာဥ်စည်းကမ်းလိုက်နာမှုမရှိသောကြောင့် သေဆုံးသူများရှိလာသဖြင့် ယာဉ်စည်းကမ်းလမ်း စည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်ကြရန် ယာဉ်မောင်းသူ လမ်းအသုံးပြုသူများ တစ်ဦးချင်းကိုယ်စီအသိဖြင့် လိုက်နာဖို့လိုအပ်ကြောင်းပြောကြားပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင် ယာဉ်ထိန်းရဲတပ် ဖွဲ့စုမှ (၁၅၀) စောင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ (၃၀) စောင် စုစုပေါင်း (၁၈၀) စောင်အားဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)