ရမ်းဗြဲ ဩဂုတ် ၂၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ စစ်ကြောင်း(၅)ကြောင်းပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်(၁၀)နာရီအချိန်က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျောက်ဆောက်အုပ်စု၊ ကျောက်ဆောက်ကျေးရွာ ဘုန်းကြီးကျောင်းသို့ ကွင်းဆင်းပြီး ကျေးရွာသူ/ ကျေးရွာသားများနှင့် တွေဆုံခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းက မိမိတို့ကျေးရွာအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ဆက်သွယ်ရေး၊ စည်းရုံးရေးကိစ္စ စသည့်လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန် လာရောက်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး စစ်ကြောင်း(၅)ကြောင်းပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ပူးပေါင်းအဖွဲ့သည် မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး ကျေးရွာသူ/ကျေးရွာသားများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်ပြီး ပူးပေါင်းအဖွဲ့တို့သည် ကျောက်ဆောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား စုပေါင်းဝါဆိုသင်္ကန်းအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ခင်လင်းရွှေက ကျေးရွာသူ/ကျေးရွာသားများအား တိုင်းရင်းဆေးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာများသူအား သွေးပေါင်ချိန်တိုင်းပေးခြင်း၊ လေထိုး/လေအောင့်၊ ဒူးနာ၊ ခါးနာ၊ သွေးအားနည်း၊ အိပ်မပျော်၊ ထုံကျဉ်၊ ကိုက်ခဲ၊ အဆစ်ရောင် စသည့်ရောဂါဝေဒနာ ခံစားနေရသူများအား သောက်ဆေး၊ လိမ်းဆေးနှင့် လိုအပ်သောဆေးဝါး များကို (အခမဲ့) ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
အောင်တင်ကြည်(ပြန်/ဆက်)