မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာတွင် တောင်ပြိုယာကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

တောင်ပြိုက်ဝဲ    သြဂုတ်     ၁

ရခိုင်ပြည်နယ်မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာအတွင်းရှိ  ကလေးသူငယ်များအား  ရောဂါကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန်  ရည်ရွယ်၍  မောင်တောမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် တောင်ပြိုလက်ဝဲမြို့၊ တောင်ပြိုယာကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ဒေါ်စမ်းစမ်းမြင့်အောင် ဦးဆောင်၍ ဝန်ထမ်းများက မီးတိုက်ကျေးရွာတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ပြိုယာကျေးလက်ကျန်းမာရေးဌာန(ခွဲ)အနေဖြင့် ကျေးရွာများသို့ ကွင်းဆင်း၍ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား  ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ အသက် (၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများကို  ဆောင်ရွက်ပေးလျက် ရှိရာ အသက်(၂)နှစ်အောက်ကလေးများတွင် ဖြစ်ပွားတတ်သည့် ​မေးခိုင်၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) ၊ ဝက်သက်၊ ဂျိုက်သိုး၊ အသည်းရောင်အသားဝါ(ဘီ)၊ ဘီစီဂျီရောဂါများနှင့် အခြား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သိန်းနိုင်(ပြန်/ဆက်)