ထန်းတပင်မြို့နယ်တွင် မိုးစပါးစိုက်ဧက အပြည့်အဝစိုက်ပျိုးနိုင်ရေး ဆွေးနွေး

ထန်းတပင် ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် မိုးစပါးစိုက်ဧကများအပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခြင်းကို ဩဂုတ်လ (၁၀)ရက် နေ့၊ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက စီမံကိန်းစိုက်ဧကများ ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းအမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင် များက ၂၀၂၃-၂၀၂၄ခု မိုးစပါးစိုက်ဧက ပန်းတိုင်ရည်မှန်းချက်ဖြစ်သည့် စီမံကိန်းစိုက်ဧကများ ပြည့်မီအောင်စိုက်ပျိုးနိုင်ရေးနှင့် မိုးစပါးစိုက်ဧကများအပေါ် သီးထပ်စိုက်ဧကများ ပြည့်မီအောင်စိုက်ပျိုးသွားနိုင်ရေးတို့ကို ဆွေးနွေးကြသည်။

ထန်းတပင်မြို့နယ်အတွင်း မိုးစပါးလျာထားစိုက်ပျိုးဧက (၈၅၀၈၂) ဧကရှိပြီး လက်ရှိအချိန်အထိ စိုက် ဧက (၅၁ဝဝဝ) ကျော်ထိစိုက်ပျိုးပြီးစီးကြောင်းလည်းသိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)