လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြော နံရံကပ်စာစောင်များပြသ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံးနှင့် အင်းတော်မြို့ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က အင်းတော်မြို့ အင်းမြသာယာ အားကစားခန်းမ၌ လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ် (၁/၂၀၂၃) ဖွင့်ပွဲကျင်းပ

ကန့်ဘလူမြို့နယ် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ် (၁/၂၀၂၃) ဖွင့်ပွဲကျင်းပ ကန့်ဘလူ ဩဂုတ် ၂၅ အောင်ဝင်းငြိမ်း

ကြည့်မြင်တိုင်မြို့နယ် အ-ထ-က (၃)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကြည့်မြင်တိုင်မြို့နယ် အ-ထ-က (၃)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ ကြည့်မြင်တိုင် ဩဂုတ် ၂၅ စန္ဒာမိုး

မိုးနဲမြို့နယ်၌ မိုးသီးနှံမြေပဲ မျိုးသန့်ပွားစိုက်ခင်း စံကွက်ရိတ်သိမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ်၊ အောင်မြင်ဖြစ်ထွန်းနေသော မိုးသီးနှံ မြေပဲ စံပြစိုက် ခင်းကို လွိုင်ချိုကျေးရွာအုပ်စု၊ လွယ်ယုကာကျေးရွာတွင် တောင်သူ-ဦးပုည၏ မြေပဲမျိုးသန့်ပွားနေရာ၌ (မကွေး-၁၆ နှင့် ဆင်းပဒေသာ-၁၁)မျိုးကို ယနေ့နံနက် ၈ နာရီအချိန်က စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နိုင်ငံတော်သို့ စွန့်လွှတ်အပ်နှံမြေ (၇.၂၅) ဧကအား ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူးထံ ပြန်လည်ပေးအပ်သည့်အခမ်းအနားကျင်းပ

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နိုင်ငံတော်သို့စွန့်လွှတ်အပ်နှံမြေ(၇.၂၅)ဧကအား ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) ထံ ပြန်လည်ပေးအပ်သည့် အခမ်းအနားကို ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်းရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

ကျောက်တလုံးကြီးမြို့တွင် သက်ကြီးပုဂ္ဂိုလ်များအား ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်လာရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ပညာရေးကဏ္ဍအပြင် အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အစဉ်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူလူငယ်များ သက်ကြီးပုဂ္ဂိုလ်များအပေါ် စာနာတတ်သည့် ကိုယ်ချင်းစာတရားများ ထားရှိတတ်စေရန် သက်ကြီးပုဂ္ဂိုလ်များအား ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်လာရေး အသိပညာပေး ဟောပြောပွဲကို ကျောက်တလုံးကြီး မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
Subscribe to