ကုန်သည်စက်မှုအသင်းချုပ် စွမ်းအင်နှင့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ တတိယအကြိမ်မြောက် အစည်းအဝေးကျင်းပ

ကုန်သည်စက်မှုအသင်းချုပ်စွမ်းအင်နှင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ တတိယအကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးအေးထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်နိုင်၊ အတွင်းရေးမှူး ဦးသန်းထိုက်လွင်၊ ကော်မတီအဖွဲ့ဝင်များနှင့် စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ)သင်တန်းဖွင့်

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ)သင်တန်းကို ယမန်နေ့ နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ Amazing Keng Tong Resort ၌ ကျင်းပသည်။

သီပေါမြို့ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၆)အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက်(၉)နာရီက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပဲခူးမြို့ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံစားသုံးကုန်များ သွားရောက်ထောက်ပံ့

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ(၁၀)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြှုပ်ခဲ့သော ရပ်ကွက်များတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအသင်းများ၏ ရေဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေး ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား အခြေခံစားသုံးကုန်များနှင့် သီးခြားလိုအပ်ချက်များ သွားရောက်ဖြည့်ဆည်း ထောက်ပံ့ခဲ့သည်။

မင်းလှမြို့တွင် လေဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့‌ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများမှ အမိုးလန်ပျက်ဆီးဆုံးရှုံးသွားသည့်နေအိမ်မှ အိမ်ထောင်စုဝင် များကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာနက ထောက်ပံ့‌ငွေများပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။

အ.ထ.က မင်းလှ(မြို့တွင်း)ကျောင်းတွင် ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ အသိပညာပေးသင်တန်းပို့ချ

ကျောင်းသား/သူများ အသိပညာဗဟုသုရရှိစေရန်အတွက် ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍အသိပညာပေးသင်တန်းကို သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ အ.ထ.က မင်းလှ (မြို့တွင်း) ကျောင်း သပြေခန်းမ၌ ပို့ဩဂုတ် ၁၀ ရက်နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၀ရက်နေ့ နံနက် (၈) နာရီအချိန်တွင် ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

မြစ်သားမြို့နယ်တွင် ပညာသင်နှစ် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း RC နှစ်ထပ်ကျောင်းဆက်လက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရွှေသူဌေးရပ်ကွက်ရှိ (အ.ထ.က) မြစ်သားကျောင်း၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း RC နှစ်ထပ်ကျောင်းဆောင် ဆက်လက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ပညာနှစ်တွင် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်ရေးအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း RC နှစ်ထပ်ကျောင်းဆောင်သစ်မှာ အလျား (၁၁၄) ပေအရှည်ရှိပြီး အနံ (၃၂) ပေရှိ သံကူကွန်ကရစ်အဆောက်အဦဖြစ်ပြီး ခွင့်ပြုရန်ပုံ‌ငွေ (၃၅၆.၂၅၂) ကျပ်သန်းဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက စတင်ဆောက်လုပ်ခဲ့ရာ ၎င်းလုပ်ငန်းများ အရည်အသွေးပြည့်မီအောင် ဆောက်လုပ်နိုင်ရေး၊ သတ်မှတ်ထားသည့် အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလတွင်းပြီးစီးရန်အတွက် မြို့နယ်အရည်အသွေးစစ်ဆေးရေး ကြီးကြပ်မှုကော်မတီတို့မှ အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

ကျိုက်ထိုမြို့နယ်တွင် ရေပြန်လည်ကျဆင်းမှုကြောင့် ဖွင့်လှစ်ခဲ့ရသည့် ကယ်ဆယ်ရေးစခန်းများပိတ်သိမ်း

ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေများစီးဆင်းပြီး ကဒတ်ချောင်း ရေလျှံမှုကြောင့် အနိမ့်ပိုင်းနေအိမ်များသို့ ရေများထပ်မံဝင်ရောက်လာသည့်အတွက် ဩဂုတ် ၉ ရက် နံနက်ပိုင်းတွင် ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ တောရရွှေဂူကျောက်ကွင်း ဘုန်းကြီးကျောင်းနှင့် ကော့စံနိုင်ရပ်ကွက်၊ တောရဘုန်းတော်ကြီးကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်းများပြန်လည် ဖွင့်လှစ်ခဲ့ရသည်။

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် ဒုတိယအစည်း အဝေးကျင်းပ

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် ဒုတိယအစည်း အဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီတွင် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to