ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည့် လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်အား တက်ရောက်ဖွင့်လှစ်အားပေး
လူငယ်/လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အသိပညာဗဟုသုတတိုးပွားလာစေရေး၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော လူငယ်ဗလ ငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။