ကော့သောင်းမြို့တွင် ၁၃၈၆ခု (၂၀၂၅)ခုနှစ်၊အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်ဆုချီးမြှင့်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ၁၃၈၆ ခု (၂၀၂၅)ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ကော့သောင်းစာဖြေဌာနမှ အောင်မြင်တော်မူကြသည့် ရဟန်း၊သာမဏေများအားစာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ကော့သောင်းမြို့ ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ကျင်းပသည်။

မိတ္ထီလာမြို့၌ လူနေအိမ်တစ်အိမ်တွင် ဘုရားမီးပူဇော်သည့် ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ(၉) အောင်ချမ်းသာ ၂ လမ်းနှင့် ၃ လမ်းကြားရှိ လူနေအိမ်တစ်အိမ်၌ ယနေ့ မွန်းလွဲပိုင်းက ဘုရားမီးပူဇော်သည့် ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၆ ခုနှစ် စာအောင်ဆုနှင်းသဘင်အခမ်း အနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်  စာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအားစာအောင်ဆုနှင်းသဘင်အခမ်းအနားကိုယနေ့ညနေ၃နာရီက ထားဝယ်မြို့သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ ဦးစွာပင့်သံဃာတော်ဆရာတော်ကြီးများနှင့် ဓမ္မာစရိယ၊ ပထမကြီးတန်း၊ပထမလတ်တန်း၊ စာအောင်ရဟန်း၊ သာမဏေတို့အား သာသနာရေးဆိုင်ရာအခမ်းအနားဖြင့် ပင့်ဆောင်သည်။

မြိတ်မြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်ခဲ့သည့် စာအောင် သံဃာတော်များ၊ သီလရှင်များအား စာအောင်ဆုနှင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျက်သရေဆောင်လေးကျွန်းဆီမီးစေတီတော်၌ (၂၀၂၅)ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် မြိတ်စာဖြေဌာနမှ ဖြေဆိုအောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော်များ၊ သီလရှင်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုနဝကမ္မ ဆက်ကပ်လှူဒါန်းခြင်း စာအောင်ဆုနှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို မတ်(၁၀)ရက် မွန်းလွဲပိုင်းက ဗုဒ္ဓသာသနာ့ဗိမာန်တွင်ကျင်းပသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြိုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

၂၀၂၆ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အကြိုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပသည်။ ဦးစွာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်းသားသင်တန်းသူများက “စောင့်ရှောက်ဝိုင်းကူ စားသုံးသူ” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

သင်္ဃန်းကျွန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမ)ရက် မြန်မာစာစတင်ဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ (အ-ထ-က(၁)သင်္ဃန်းကျွန်း၊ အ-ထ-က(၄)သင်္ဃန်းကျွန်း၊ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း (သုဝဏ္ဏ)၊ အ-လ-က(၁)ထ(ခွဲ)သင်္ဃန်းကျွန်း) ကျောင်းများတွင် ယနေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ် စတင်ဖြေဆိုခဲ့ကြသည်။

သာကေတ ၂/မြောက်ရပ်ကွက်တွင် လူငယ်ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ငွေလှရတနာဓမ္မစာပေသင်တန်းမှဆောင်ရွက်သည့် လူငယ်ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို မတ် ၇ ရက် မွန်းလွဲ ၁ နာရီက ၂/မြောက်ရပ်ကွက်၊ ထူပါရုံ ၂၃ လမ်းထိပ်ရှိ ဓမ္မစေတီနှင့် နှစ်ကျိပ်ရှစ်ဆူ ဗဟိုဓမ္မာရုံတွင် ကျင်းပသည်။

တွံတေးမြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာရေးအတွက် ပြည်သူသို့ပန်ကြားချက်နှင့်ပတ်သက်၍ ယာဥ်များသတ်မှတ်စည်းကမ်းချက်များနှင့်အညီ မောင်းနင်နိုင်ရေးအသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ပြည်သူသို့ပန်ကြားချက်နှင့်ပတ်သက်၍ လုပ်ငန်းသုံးယာဥ်များ၊ ပုဂ္ဂလိကယာဥ်များ၊ ပို့ဆောင်ရေးယာဥ်များအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မောင်းနင်သွားလာရေး အသိပညာပေခြင်းနှင့်စစ်ဆေးခြင်းကို မတ်လ (၇) ရက်နေ့ ညနေ (၄) နာရီအချိန်က တွံတေး-ဒလ၊ တွံတေး-လှိုင်သာယာ-မအူပင်သွားလမ်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် စက်သုံးဆီ‌ရောက်ရှိဖြန့်ဖြူးမှုများအား လိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း စက်သုံးဆီ ရောက်ရှိဖြန့်ဖြူးရောင်းချနေမှုများကို ‌မတ်လ (၈) ရက်နေ့ နံနက် (၁၁) နာရီအချိန်က တာဝန်ရှိသူများ လိုက်လံစစ်ဆေးနေကြကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြသည်။
Subscribe to