ကျွန်းလှမြို့နယ်၌ အမျိုးသားအလွတ်တန်း ဖူးဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။

ပုဗ္ဗသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောနှင့် ဆုချီးမြှင့်ပွဲ ပြပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ပြပွဲများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များ‌ကို ပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်းမှ ကဗျာဆရာဝေးရင့်သီက အမှတ်ပေး စည်းမျဉ်းစည်း ကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြုင်ပွဲကျင်းပရာ  အ-ထ-က၊ အ-လ-ကနှင့်အ-မ-က ကျောင်း(၁၂)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၄၈)တို့က အာဇာနည်အငွေ့အသက်ပါသော စိတ်ကြိုက်ကဗျာများ ဖြင့်  ယှဉ်ပြိုင်ခဲ့ကြသည်။

ကလေးမြို့ အမှတ်(၅)အခြေခံပညာ အလယ်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ 

မြင်းခြံမြို့၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီက ပြုလုပ်ခဲ့သည်။

မအူပင်ခရိုင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲအား ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး‌ရေးလုပ်ငန်းနှင့် ပြိုင်ပွဲများကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့  လူထုအခြေပြုဗဟိုဌာန၌  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်​နေ့ကို အောက်မေ့သောအားဖြင့် ယနေ့နံနက် ၉ အချိန်က အသိပညာ​ပေး‌ရေးလုပ်ငန်းနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား ထောက်ပံ့ငွေများပေးအပ်

စစ်ကိုင်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းမြို့နှစ် (၇၀၀) အားကစားကွင်း၊ စည်းခုံကြီးဘုရား၊ မြို့ပြနှင့်အိမ်ယာဝင်းတို့တွင် သုံးနေရာခွဲ၍ ဌာနဆိုင်ရာအဖွဲ့များမှ ထောက်ပံ့ငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ တိုက်နယ် (၄) ခုတွင် နွေစပါး (၃၆၁၂)  ဧကရိတ်သိမ်းရာ (၄၁၈၉၃၅) တင်း ထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ တိုက်နယ် (၁၂) ခုရှိပြီး တိုက်နယ် (၄) ခုတွင် ဇူလိုင် (၁၅) ရက်နေ့ထိ နွေစပါး (၃၆၁၂) ဧက ရိတ်သိမ်းရာ (၄၁၈၉၃၅) တင်း ထွက်ရှိကြောင်း  မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
Subscribe to