အမရပူရမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲစတင် ဖြေဆိုရာ ကျောင်းသား၊ ကျောင်းသူ ၉၁ ဒသမ ၁၃ ရာခိုင်နှုန်းလာ ရောက်ဖြေဆို

မြန်မာနိုင်ငံတစ်ဝန်းလုံး အတိုင်းအတာဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက်ပိုင်းမှ  စ၍ မြန်မာဘာသာရပ်ကိုစတင်ကျင်းပလျက်ရှိရာ အမရပူရမြို့နယ် အတွင်းရှိ စာစစ်ဌာနနှစ်ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၁ ဒသမ ၁၃ ရာခိုင်နှုန်း လာရောက်ဖြေဆိုသည်။

ကျွန်းစုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာတွင် ကျောင်းသား၊ ကျောင်းသူ ၈၉.၇၆ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို

၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ စတင်၍ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာတွင် ကျောင်းသား၊ ကျောင်းသူ ၈၉.၇၆ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြင်းခြံမြို့တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် (၉) နာရီမှ စတင်ကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန အနောက်ကြို့ကုန်းရပ်ကွက်၊ သစ်တောဝင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောကာ မီးငြှိမ်းနည်းများ လက်တွေ့ပြသ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်သစ်တောဦးဌာနနှင့် အင်းစိန်ခရိုင် မီးသတ်ဦးစီဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့၊ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ သစ်တောဝင်းအတွင်းရှိ ကျင်းပပြုလုပ်သည်။

မိတ္ထီလာမြို့နယ်၌ ဆေးရောင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၁၁ ရက်နေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ်၊ စိုင်ဂေါင်းကျေးရွာဘုန်းတော်ကြီးကျောင်း ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွင် နယ်လှည့်အသိပညာပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ စိုင်ဂေါင်းကျေးရွာ ဇေယျမင်္ဂလာကျွန်းတောဘုန်းတော်ကြီးကျောင်း ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နယ်လှည့်အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

လားရှိုးမြို့သို့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်ရောက်ရှိနေကြသည့် ဟိုပန်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများအား အခြေခံစားသောက်ကုန်များ ချီးမြှင့်ပေးအပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိနေကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကြီးကြပ်ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများအား အခြေခံစားသောက်ကုန်များ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်‌ အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်‌ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ကော့ကရိတ်မြို့တွင်  ၂၀၂၆ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆို ကြရာ ကရင်ပြည်နယ် ကော့ကရိတ်မြို့၊ အထက-၂ စာစစ်ဌာနတွင်လည်း တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ ကျောင်းသူ၊ကျောင်းသား (၁၃၇)ဦး ရှိကြောင်း သိရ သည်။

ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို မတ် ၁၁ ရက် နံနက် ၉နာရီက စတင်ဖြေဆိုလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း သတ်မှတ်စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ စတင်ဖြေဆိုလျက်ရှိသည်။​

ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် တောင်ကြီးမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာ‌မေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် တောင်ကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to