ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုများနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခြင်းများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူလေးများအား သဘာဝဘေးအန္တရာယ်အသိပညာ ပြန့်ပွားရေး အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ မီးဘေးအန္တရာယ်ကျရောက်လာပါက ဘေးအန္တရာယ်ကင်းစွာ မီးငြှိမ်းသတ်နိုင်ရေး လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ကွင်းဆင်းသရုပ်ပြဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း တွံတေးမြို့နယ်နှင့် ဒလမြို့နယ်တို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း သင်ကြားနေမှုများအား ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ဇူလိုင် ၁၅ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်နှင့် ဒလမြို့နယ်တို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုများအား ကြည့်ရှုအားပေးသည်။

ကန့်ဘလူမြို့ အ.ထ.က(ခွဲ)ညောင်အိုင်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အခြေခံပညာအထက်တန်းကျောင်း ဒေါက်တာ ဉာဏဝရခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များနှင့် အာဇာနည်နေ့ကို အမှတ်ရသိရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၁ နာရီက (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ခရိုင်ချင်းဆက် လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး

ပျော်ဘွယ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ခရိုင်ချင်းဆက်လမ်းအား ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်တွင်ပြီးစီးခဲ့ပြီး ဆောင်ရွက်ပြီးစီးမှုအား ရမည်းသင်းခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ဇူလိုင်လ (၁၆)ညနေပိုင်း၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် လေးပြင်းတိုက်ခတ်၍ နေအိမ်ပြိုကျပျက်စီးခဲ့သည့် မိသားစုအား ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ထန်းတပင် ကျေးရွာအုပ်စု၊ သံပရာချောင် ကျေးရွာတွင် ဇူလိုင်လ ၇ ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် မိသားစုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ပေးအပ်ခဲ့သည်။ မိုးသက် လေပြင်းတိုက်ခတ်၍ ပြိုကျပျက်စီးခဲ့ရသည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)ကျပ်၊ အိမ်ထောင်(၁)စုရှိ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာတန်ဖိုး(၁၅,၀၀၀)ကျပ် ပေါင်းငွေ(၁၁၅၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)ပုံးတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးကိုတို့က ဘေးသင့်မိသားစု၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မက်မန်းမြို့တွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများပေးအပ်ခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အေးကျန့်အုပ်စု၊ ပါလောင်းကျေးရွာတွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ပါလောင်းကျေးရွာ သူကြီးအိမ်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျုံပျော်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ကျောင်းသားလူငယ်များ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို မှတ်သားသိရှိနိုင်စေရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအောင်ဆန်းခန်းမ၌ ဇူလိုင်လ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကလေးငယ်များအား ဖြည့်စွက်စာ‌ကျွေးခြင်း အကျိုးကျေးဇူးများ အသိပညာပေးဟောပြောခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒေသခံပြည်သူများအနေဖြင့် အစာအာဟာရမျှတစွာစာသုံးခြင်းဖြင့် ကျန်းမာရေးကောင်းမွန်ခြင်း အထောက်အကူရရှိစေရန်အတွက် ဖြည့်စွက်စာစားသုံးခြင်းအကျိုးကျေးဇူးများအကြောင်း ‌အသိပညာပေးဟောပြောခြင်းနှင့် မိုးရာသီကာလများ၌ ဖြစ်ပွားမှုနှုန်းများသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

နမ့်စန်မြို့ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာများသို့ အပတ်စဉ် ကွင်းဆင်း၍ ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်၌ အမှတ် (၄) ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to