ကော့မှူး မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း စက်သုံးဆီ ရောက်ရှိဖြန့်ဖြူးရောင်းချနေမှုများကို မတ်လ (၈) ရက်နေ့ နံနက် (၁၁) နာရီအချိန်က တာဝန်ရှိသူများ လိုက်လံစစ်ဆေးနေကြကြောင်း သိရသည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် တွံတေးခရိုင်စီစစ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ် မြို့နယ်စီစစ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များက မြို့နယ်အတွင်း စက်သုံးဆီ အရောင်းဆိုင်များဖြစ်သော မကျီးကန်ကျေးရွာအုပ်စုရှိ Apex နှင့် Max စက်သုံးဆီအရောင်းဆိုင်၊ အဖျောက်ကျေးရွာအုပ်စုရှိ ရွှေသရဖူစက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး၍ စက်သုံးဆီဆိုင်များသို့ စက်သုံးဆီများ ရောက်ရှိ/ဖြန့်ဖြူးမှု စာရင်းများအားစစ်ဆေးပြီး စွမ်းအင်ဝန်ကြီးဌာန၏ မူဝါဒ၊ ညွှန်ကြားချက်များအတိုင်း စနစ်တကျလုပ်ကိုင်ဆောင်ရွက်ရေးနှင့် ဈေးနှုန်းမြှင့်တင်၍ရောင်းချခြင်းများမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချစေရေး၊ ယာဥ်ကြောပိတ်ဆို့မှုမရှိစေရေး၊ သိုလှောင်ရန် ပေပါခွံများ/ဆီထည့်ပုံးအလွတ်များဖြင့် ဝယ်ယူလာပါက မရောင်းချရေးတို့ကို အသိပေးမှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ယာဥ်တန်းစီပိတ်ဆို့မှု၊ ထူးခြားမှု မရှိဘဲ ပုံမှန်အတိုင်းရောင်းဝယ်လျက်ရှိပါကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)