တောင်သာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆို

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ ဘာသာရပ်ကို ယနေ့နံနက် ၉နာရီမှစ၍ စာစစ်ဌာန (၄)ခုတွင် ဖြေဆိုလျှက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်း ယနေ့နံနက်က စတင်ဖြေဆိုလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၂၄၈၈ ဦး  ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ ကော့သောင်း၊ ဘုတ်ပြင်း သရက်ချောင်းနှင့် ပလောက်မြို့နယ်တို့မှ ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမနေ့) အေးချမ်းစွာစတင်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ ကော့သောင်း၊ ဘုတ်ပြင်းနှင့် ပလောက်မြို့နယ်တို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမနေ့) အေးချမ်းစွာစတင်ဖြေဆိုကြရာ အဆိုပါစာစစ်ဌာနများ၌ ကျောင်းသား/ကျောင်းသူများအားစာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် လုံခြုံရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

တွံတေးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ (၃) လစာအတွက် တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အုန်းပင်စုရပ်ကွက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန (ခ) အဆင့်အားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ တိုင်း‌ရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ တိုင်း‌ရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

တာချီလိတ်မြို့၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

တာချီလိတ်မြို့၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ် တာချီလိတ် မတ် ၁၁ ကျော်ဇေယျာလင်း (ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်၊ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ တံတားဦး၊ စဉ့်ကိုင်၊ သာစည်၊ ကျောက်ဆည်၊ မြစ်သားနှင့် ငါန်းဇွန်မြို့နယ်တို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမနေ့) အေးချမ်းစွာဖြေဆို

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်၊ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ တံတားဦး၊ စဉ့်ကိုင်၊ သာစည်၊ ကျောက်ဆည်၊ မြစ်သားနှင့် ငါန်းဇွန်မြို့နယ်တို့၌ စာစစ်ဌာနများတွင် ယနေ့ နံနက်ပိုင်းက စတင်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပထမနေ့မြန်မာစာဘာသာရပ်အား Grade-12 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာဖြေဆိုလျက်ရှိသည်။

ဒလမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အ.ထ.က (၄) စာစစ်ဌာနတွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိသည်။
Subscribe to