ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် တောင်ကြီးမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာ‌မေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ကြည့်ရှုစစ်ဆေး

တောင်ကြီး မတ် ၁၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် တောင်ကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးသည် တောင်ကြီးမြို့ပေါ်ရှိ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.က(၄)၊ အ.ထ.က(၅)၊ အ.ထ.က(၇) စသည့် စာစစ်ဌာန (၆)ခုတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား တောင်ကြီးမြို့နယ်အတွင်း စာစစ်ဌာန(၁၁)ခုတွင် ကျင်းပသွားမည်ဖြစ်ပြီး ဖြေဆို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၁၄၁)ဦးရှိကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)