မာန်အောင်မြို့၌တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆို

ရခိုင်ပြည်နယ် မာန်အောင်မြို့၌  ၂၀၂၅-၂၀၂၆ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ် (၁၁)ရက်မှစတင်ကျင်းပလျက်ရှိရာ (ပထမနေ့)မြန်မာစာ ဘာသာရပ်အားကျောင်းသား၊ကျောင်းသူများအေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ မာန်အောင်မြို့နယ်၌တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန(၅)ခု ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ(၇၃၄)ဦးရှိအနက် ပျက်ကွက်(၄၄)ဦး၊ ဖြေဆို(၆၉၀)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ GRADE-12 တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာရပ် ဖြေဆိုနေမှုကို ကြည့်ရှုအားပေး

၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက် နံနက်ပိုင်းမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆိုလျက်ရှိရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ အမှတ် (၃) နှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက်၍ အဆိုပါကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာ ဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ကိုစိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာဖြေသူနှင့် စာမေးပွဲလုပ်ငန်း အနှောင့်အယှက်မဖြစ်စေရေး ဂရုစိုက်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ လုံခြုံရေးကိစ္စရပ်များ အထူးဂရုပြုဆောင်ရွက်ကြရန်၊ စာမေးပွဲဖြေဆိုနေသည့်ကာလအတွင်း စာဖြေခန်း အတွင်းအပြင် သန့်ရှင်းရေး၊ လေဝင်လေထွက် ကောင်းမွန်ရေးနှင့် အလင်းရောင် လုံလောက်စွာ ရရှိရေးလိုအပ်ကြောင်း၊ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

တနင်္သာရီမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ စတင်၍  တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အ.ထ.က-တနင်္သာရီတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၉၁ ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။ိ

မြိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ စတင်ဖြေဆို

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းစာစစ်ဌာနများတွင် မတ် (၁၁)ရက်မှစတင်ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်းရှိ စာစစ်ဌာနများတွင် ပထမနေ့ မြန်မာစာဘာသာကို ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ စတင်ဖြေဆိုကြသည်။

ရမည်းသင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ အေးချမ်းစွာဖြေဆို

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ  မြန်မာစာဘာသာရပ်ကို ယနေ့ နံနက်  ၉ နာရီမှစတင်၍  စာစစ်ဌာနအလိုက် အေးချမ်းစွာဖြေဆိုလျက်ရှိသည်။

‎မဟာအောင်မြေမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာနေ့တွင် ၉၆.၆၅ ရာခိုင်နှုန်း စတင်ဖြေဆို

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ  စာစစ်ဌာန ၅ ခုဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း  ၁၆၇၅ ဦး  လာရောက်ဖြေဆိုသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပထမနေ့ မြန်မာစာ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲစတင်ဖြေဆို

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို မတ်လ ၁၁ ရက် ယနေ့တွင် စတင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံ‌တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင်လည်း ပထမနေ့ မြန်မာစာကို အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲစတင်ဖြေဆိုလျက် ရှိသည်။

သံတောင်ကြီးမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့မြန်မာစာဘာသာရပ်စတင်ဖြေဆို

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်(၉)နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကျောင်းသားကျောင်းသူ ၂၅၂၅ ဦးအေးချမ်းစွာဖြေဆို

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို မြန်မာနိုင်ငံတစ်ဝန်းလုံး၌ မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ ဖြေဆိုလျက်ရှိကြရာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင်လည်း စာဖြေဌာန ၆ ခု၌ ကျောင်းသား ကျောင်းသူ ၂၄၇၃ ဦး၊ လက်ပံပျား စက်မှုစိုက်မွေး အ.ထ.ကမှ ကျောင်းသားကျောင်းသူ ၅၂ ဦး စုစုပေါင်း ၂၅၂၅ ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

လှည်းကူးမြို့နယ်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာစနစ်ဖြင့် ငမိုးရိပ်လျှပ်စစ် မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

(၈၁) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာစနစ်ဖြင့် ငမိုးရိပ်လျှပ်စစ်မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မုဆိုးညောင်ပင်ကျေးရွာတွင် ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to