ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် စုံရက်၊ မရက်များအလိုက် ယာဉ်အသုံးပြုမှု အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး စုံရက်၊ မရက်ခွဲခြား၍ မော်တော်ယာဉ်မောင်းနှင်စေမည့်စနစ်အား ယာဉ်အသုံးပြုသူများ အလေးထားလိုက်နာဆောင်ရွက်စေရန်အတွက် ယ‌မန်နေ့နံနက်ပိုင်းက အမှတ်(၁၆၈)ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းဆုံတွင် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌စက်သုံးဆီချွေတာရေးအသိပညာပေး 

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့၌ ပြည်သူများအနေဖြင့် စက်သုံးဆီချွေတာရေး၊ စက်သုံးဆီချွေတာခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ၊ သိပ္ပံလမ်းဆုံနေရာတို့၌ ကြာအင်းဆိပ်ကြီးမြို့ စစ်ဗျူဟာ(အခြေချ) စစ်ဗျူဟာမှူး၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက အများပြည်သူများ လေ့လာသိရှိပြီး အဆင်ပြေစွာ ဆောင်ရွက်နိုင်‌ရေးအတွက် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရေး အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၆)ဖွင့်လှစ်သင်ကြား

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံကွန်ပျူတာပညာရပ်သည် လူငယ်လူရွယ်များအတွက်များစွာ အကျိုးဖြစ်ထွန်းစေပြီး အခြေခံတတ်မြောက်ခြင်းမှသည် ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်သည်အထိ ပညာရေးနယ်ပယ်၊ လုပ်ငန်းခွင်နယ်ပယ်များတွင် အထောက် အကူပြုနိုင်ရန်ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၆)ကို ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပန်းကြယ်သီးထိုးနည်းသင်တန်းဆင်း

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပန်းကြယ်သီးထိုးနည်းသင်တန်းဆင်းပွဲကို ယနေ့ ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

ရန်ကင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ မြန်မာစာဘာသာရပ်စတင်ဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ရန်ကင်းလမ်းမကြီး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ စတင်ဖြေဆိုကြောင်း သိရသည်။

နာဂဒေသ၊ လေရှီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲပိုင်းက လူငယ်များ အနေဖြင့် စာ‌ပေဖတ်ရှုခြင်း၊ စာပေရေးသားခြင်းအလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

လေရှီးမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲများဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် ယနေ့နံနက် ၉ နာရီ အချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်ရက် (၁) ဘာသာဖြင့် မြန်မာစာဘာသာကို တစ်ပြိုင်နက်တည်း စတင်ဖြေဆိုလျက်ရှိသည်။

ကမာရွတ်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြောင်း‌ရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကမာရွတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to