ကျွန်းစုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာတွင် ကျောင်းသား၊ ကျောင်းသူ ၈၉.၇၆ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို

ကျွန်းစု မတ် ၁

၂၀၂ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ စတင်၍ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာတွင် ကျောင်းသား၊ ကျောင်းသူ ၈၉.၇၆ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က-ကျွန်းစု စာစစ်ဌာန၌ ကျောင်းသား ၁၅၃ ဦး၊ ကျောင်းသူ ၃၅၅ ဦး စုစုပေါင်း ၅၀၈ ဦးရှိရာ မြန်မာစာဘာသာတွင် ကျောင်းသား ၁၄၀ ဦး၊ ကျောင်းသူ ၃၁၆ ဦး၊ စုစုပေါင်း ၄၅၆ ီး၊ ဖြေဆိုမှု ရာခိုင်နှုန်း ၈၉.၇၆ % ရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား ၁၃ ဦး၊ ကျောင်းသူ ၃၉ ဦး၊ စုစုပေါင်း ၅၂ ဦး၊ ပျက်ကွက်မှု ရာခိုင်နှုန်း ၁၀.၂၄ % ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျွန်းစုမြို့နယ်၌ အ.ထ.က ကျွန်းစုစာစစ်ဌာန တစ်ခုတည်းသာ ကျင်းပလျက်ရှိရာ အ.ထ.က ကျွန်းစု၊ ညောင်ဘီး၊ ကံမော်၊ တာလပိုင်း၊ ကတ္တလူ၊ ရေကန်တောင်၊ မဲတော၊ စခန်းသစ်၊ ပန်းဇင်၊ သဇင်၊ အ.ထ.က ခွဲ ကတန်၊ ကမ်းကြီး၊ ကဘင်းချောင်း၊ ဒုံးပုလဲအော်၊ မင်းခေါင်းဆေး၊ တောနောက်လယ်၊ ရေကန်အော်၊ အောက်သဲချောင်း၊ ရှော်တောမော်ကျေးရွာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက လာရောက်ဖြေဆိုလျက်ရှိရာ အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေး၊ နေထိုင်ရေးနှင့် သောက်သုံးရေးရရှိရေးတို့အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)