ဗဟန်းမြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ က​လေးသူငယ်အခွင့်အ​ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိ ပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် အမှတ်(၄၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင်ရွက်မှုရှိစေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်း၊ မြို့နယ်ဥပ​ဒေရုံးမှ က​လေးသူငယ်အခွင့်အ​ရေးများနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်​ဆေးဝါးအန္တရာယ်စသည့် ဟောပြောခြင်းများကို ယမန်နေ့​နေ့လယ် ၁၃း၀၀ နာရီအချိန်ကစ၍ ဗဟန်းမြို့နယ်အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းနှင့်​ ကောင်းထက်ကျော်ကိုယ်ပိုင်​ကျောင်းတို့၌ ကျင်းပခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး သဘာဝဘေးကြောင့် မိုးစပါးသီးနှံပျက်စီးဆုံးရှုံးသွားသော တောင်သူများအား အမြန်ဆုံးပြန်လည်စိုက်ပျိုးကြရန်တိုက်တွန်း၊ မျိုးစပါးနှင့်မြေဩဇာများထောက်ပံ့

ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ကော့ကရိတ်မြို့နယ်အတွင်း သဘာဝဘေးကြောင့် မိုးစပါးသီးနှံပျက်စီးဆုံးရှုံးသွားသော တောင်သူများအား အမြန်ဆုံးပြန်လည်စိုက်ပျိုးကြရန် တိုက်တွန်းပြောကြားပြီး မျိုးစပါးနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

လားရှိုးမြို့တွင် ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ)သင်တန်းဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

လားရှိုးမြို့တွင်ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ)သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် (၈)နာရီအချိန်က လားရှိုးတက္ကသိုလ်၊ ကမ္ဘောဇခန်းမတွင် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တက်ရောက်ခဲ့သည်။

တပ်ကုန်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

သထုံခရိုင် ပြည်သူ့စာကြည့်တိုက်တွင် လက်ကပ်ရောဂါနှင့် တိုင်း‌ရင်းဆေးပညာအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ မွန်းလွဲပိုင်းက လက်ကပ်ရောဂါနှင့် တိုင်း‌ရင်းဆေးပညာအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပပြုလုပ်သည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာ​မေးပွဲတွင် ထူးချွန်စွာ​ အောင်မြင်ခဲ့​သော ​ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာ​မေးပွဲတွင် ထူးချွန်စွာ ​အောင်မြင်ခဲ့​သော ​ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ နံနက် (၉)နာရီ အချိန်အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ​ကျောင်းသား/သူ​လေးများက “မြန်မာ့​ကျောင်း သီချင်း" ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

ကျုံပျော်မြို့တွင် ပြည်သူများထံသို့ စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ တေဇရပ်ကွက်တွင် ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်တွင် (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို သပြေကုန်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြသည်။
Subscribe to