အမ်းမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေး ကွင်းသရုပ်ပြပွဲတက်ရောက်ခြင်းနှင့် ခန္တှီးမြို့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှု နှင့် ဆင်‌သေ-လဟယ်ကားလမ်းတွင် တောင်ပြိုမှုများအား သွားရောက်ကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ခန္တီးမြို့နယ်၊ အောင်သာ ရပ်ကွက်၊ ကွင်းအမှတ် ၄ တွင် ကျင်းပပြုလုပ်သော ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိုးကျ ရောနှော ကြဲပတ်ခြင်း ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် ပိုးသတ်ဆေးများ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ ဆောင်းပါးပြိုင်ပွဲများ ဝင်​ရောက်ယှဥ်ပြိုင်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်​နေ့တွင် ကျ​ရောက်မည့် “နိုင်ငံတကာစာတတ်မြောက်ရေး‌နေ့” အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ကာတွန်း၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများကို “ဗလငါးတန်ပြည့်စုံဖို့ စာတတ်မြောက်အောင်သင်ယူစို့” ခေါင်းစဥ်ဖြင့် မကွေးတိုင်းဒေသကြီး၊ ​ချောက်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကွန်ကရစ်တံတားတည်ဆောက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျားမင်းလမ်းနှင့် မြစည်းခုံလမ်းထောင့် (ရန်အောင်မြင်လမ်း) ကွန်ကရစ်တံတား တည်ဆောက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

နမ့်စန်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၃)ဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကေ့ာကရိတ်မြို့ အ-ထ-က(၂)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

လူငယ်များ ဘတ်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံရေး၊  ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရေး၊ ဝိုင်းဖွဲ့ ဦးဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေရေး၊  ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း (သရဖီခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ဓနုဖြူမြို့နယ်၌ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ သက်သာသောဈေးနှုန်းဖြင့်ဆန်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်တစ်ပြည်လျှင် (၂၅၀၀)နှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၈) ရပ်ကွက်၊ လမ်းမတော် လမ်းရှိ ဆန်စက်လုပ်ငန်းရှင်များအသင်းရုံး၌ ရောင်းချပေးခဲ့သည်။

သိန္နီမြို့၌ လူကုန်ကူးခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှုရရှိဖို့ ဆောင်ရွက်ကြပါစို့ မြေစိုက်ဘုတ်စိုက်ထူပြသ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ လူကုန်ကူးခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှုရရှိဖို့ ဆောင်ရွက်ကြပါစို့ မြေစိုက်ဘုတ်ကို လားရှိုး−မူဆယ် လမ်းမကြီးဘေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ယနေ့နံနက်ပိုင်းအချိန်က စိုက်ထူခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် Biometric အချက်အလက် ကောက်ယူမှု (၅၀၆၁)ဦး ပြီးစီး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဦးတည်အုပ်စု (၆)အုပ်စုအတွင်းရှိ ဝန်ထမ်းများ၏ Biometric အချက်အလက်များအား ဇွန်လ ၂၂ ရက်နေ့မှစ၍ ကောက်ယူခဲ့ပြီး ဝန်ထမ်းမိသားစုဝင်များနှင့် ကျောင်းသား/ကျောင်းသူများအား ဆက်လက် စာရင်းကောက်ယူခဲ့ရာ ယမန်နေ့အထိ ကျား(၂၃၉၈)ဦး၊ မ(၂၇၆၃)ဦး စုစုပေါင်း (၅၀၆၁)ဦး စာရင်းကောက်ယူ ပြီးစီးပြီဖြစ်သည်။
Subscribe to