ရွှေဘို သြဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ နံနက် (၉)နာရီ အချိန်အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာကျောင်းသား/သူလေးများက “မြန်မာ့ကျောင်း သီချင်း" ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးစိုးနိုင်က ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးစိုးနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများက (၆)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင်(၅)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၁၅)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၉)ဦး၊ (၂)ဘာ သာဂုဏ်ထူးရှင်(၅)ဦး၊ ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၃၆)ဦးတို့အား ဂုဏ်ပြုဆု များ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
ထို့နောက် ဂုဏ်ပြုပွဲအခမ်းအနားအတွက် အလှူငွေလှူဒါန်းပေးသော လုပ်ငန်းရှင်များ၊ ကိုယ်ပိုင် အထက်တန်းကျောင်းမျာအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ပြီး ဆုရကျောင်းသား/ ကျောင်းသူလေးများ ကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင် မမြတ်သူသူဇော်မှ ကျေးဇူးတင်စကားပြောကြားကာ ကျောင်းသား/သူလေးများမှ "ဇာတိမာန်" သီချင်းသီဆိုကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်