ဇမ္ဗူသီရိမြို့နယ်တွင် (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ဇမ္ဗူသီရိ ဩဂုတ် ၂၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို  သပြေကုန်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data) နှင့် (Biometric Data) များကောက်ယူ၍ (Database) တွင် သိမ်းဆည်းပြီးဂဏန်း (၁၀) လုံးပါဝင်သည့် (Unique ID) နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ် ဦးစီးမှူးရုံးမှ ဩဂုတ်လ (၂၉) ရက်တွင် သပြေကုန်းရပ်ကွက်မှ ကျား (၆၅) ဦး၊ မ (၈၈) ဦး စုစုပေါင်း (၁၅၃) ဦး၏ (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်သူရဦး  (ပြန်/ဆက်)