တပ်ကုန်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ

တပ်ကုန်း ဩဂုတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာများ ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အထွေထွေအကြံပြုချက်များ ဆွေးနွေး တင်ပြကြရာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌက ကလေးသူငယ်များ ရပိုင်ခွင့်နှင့်လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ  အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်