တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ ကော့သောင်း၊ ဘုတ်ပြင်း သရက်ချောင်းနှင့် ပလောက်မြို့နယ်တို့မှ ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမနေ့) အေးချမ်းစွာစတင်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ ကော့သောင်း၊ ဘုတ်ပြင်းနှင့် ပလောက်မြို့နယ်တို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမနေ့) အေးချမ်းစွာစတင်ဖြေဆိုကြရာ အဆိုပါစာစစ်ဌာနများ၌ ကျောင်းသား/ကျောင်းသူများအားစာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် လုံခြုံရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထားဝယ်

၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် သတ်မှတ် စာစစ်ဌာနများ၌ မြန်မာစာဘာသာရပ်ကို ဖြေဆိုသူ ကျောင်းသား(၂၉၄)ဦး၊ ကျောင်းသူ (၄၉၆)ဦး စုစုပေါင်း (၇၉၀)ဦး၊ ဖြေဆိုမှု(၉၆ ဒသမ ၅၈)ရာခိုင်နှုန်းရှိကြောင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆို သူဦးရေမှာ ကျောင်းသား (၁၃)ဦး၊ ကျောင်းသူ ()ဦး၊စုစုပေါင်း (၁၅)ဦးရှိကြောင်းသိရသည်။

ကော့သောင်း

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို  ကော့သောင်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (၃)ကျောင်းရှိ စာစစ်ဌာနများတွင် မြန်မာစာဘာသာကို    အထက(၁)စာစစ်ဌာန၊ အထက(၂)တပ်နယ်စာစစ်ဌာန၊ အထက(ခမောက်ကြီး)စာစစ်ဌာန စုစုပေါင်း (၃)ခုဖြင့် ကျင်းပဆောင်ရွက်လျက်ရှိပြီး အထက(၁)စာစစ်ဌာနတွင် စာရင်းရှိကျောင်းသား/ကျောင်းသူ ၃၅၀တွင် စာဖြေဆိုသူ(၃၃၄)ဦး၊ အထက(၂)တပ်နယ်စာစစ်ဌာနတွင်စာရင်းရှိ (၈၉)ဦးတွင် ဖြေဆိုသူ (၈၁)ဦး၊အထက (ခမောက်ကြီး) စာစစ်ဌာနတွင် စာရင်းရှိ(၅၆)ဦးတွင် ဖြေဆိုသူ(၄၆)ဦး ဖြင့် ကော့သောင်းမြို့နယ်တွင် မြန်မာစာဘာသာရပ်ဖြေဆိုသူ (၉၃ ဒသမ ၁၃)ရာခိုင်နှုန်း၊ ပျက်ကွက် (၆ ဒသမ ၈၇)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပလောက်

တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊  ပလောက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုရန် ကျောင်းသား/ကျောင်းသူ(၇၁)ဦးရှိပြီး ပုလောမြို့စာစစ်ဌာနတွင် ဖြေဆိုရကြောင်းနှင့် အဆိုပါ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများက ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သရက်ချောင်း

သရက်ချောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို (အ-ထ-က)သရက်ချောင်းကျောင်းစာစစ်ဌာနတစ်ခုတည်းဖြင့် မြန်မာစာဘာသာရပ်ကို ကျောင်းသား ၂၇ဦး၊ ကျောင်းသူ ၅၈ဦး၊ စုစုပေါင်း ၈၅ဦး ဖြေဆိုသူရာခိုင်နှုန်း ၉၄ ဒသမ ၄၄ ရာခိုင်နှုန်းရှိကြောင်းသိရသည်။

ဘုတ်ပြင်း

ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့) မြန်မာစာဘာသာရပ်ကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီး ဖြစ်ကြောင်းသိရသည်။ အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာဖြေဆိုသည့် ကျောင်းသားကျောင်းသူများကို ဘုတ်ပြင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနိုင်နှင့် ခရိုင်/မြို့နယ်အဆင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောက်မတီ ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ က အားဖြည့်အချိုရည်၊ အာဟာရပြည့်မုန့်နှင့်ရေသန့်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန