တာချီလိတ်မြို့ ညဈေးတန်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင်တစ်ပင် ဆိုင်ခန်းများပေါ်လှဲကျကာ  လေးဦးဒဏ်ရာရရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းလမ်း၊ Tachileik Night Market တာချီလိတ်ညဈေးတန်းရှိ ဈေးဆိုင်ခန်းများပေါ်သို့ ဇူလိုင် ၁၆ ရက်ညပိုင်းက ကုက္ကိုလ်ပင်တစ်ပင်လှဲကျကာ ဆိုင်းခန်းများပျက်စီးပြီး အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာကိုကြိုးစားကြသလို ပြင်ပအသိပညာဗဟုသုတတိုးပွားစေရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အနာဂါတ်ကာလ၌ အသိပညာကြွယ်ဝစေရန်ရည်ရွယ်၍ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင် ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။

ကျုံပျော်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲပြုလုပ်

ကျောင်းသားလူငယ်များ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို မှတ်သားသိရှိနိုင်စေရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ပြုလုပ်သည်။

ကန်ကြီးထောင့်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊အခြေခံပညာဦးစီးဌာနနှင့် World Vision တို့ပူးပေါင်း၍ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ဇူလိုင်လ(၁၇)ရက်နေ့ကကျင်းပခဲ့ရာ ဆုချီးမြှင့်ပွဲအခမ်းအနားအာ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (CommunityCentre) အခန်းမတွင် ကျင်းပခဲ့သည်။

ကြံခင်းမြို့နယ်အတွင်းရှိ မြစ်ရေဝင်ရောက်သည့်နေရာများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ​​မြေနိမ့်ပိုင်းများ ရေဝင်ရောက်လာမှုအား ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခစဖအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဇော်ဟိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း တိုက်များမှ သက်တော်ရှည်ဆရာတော်ကြီးများထံ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ သက်တော်ရှည်ဆရာတော်ကြီးများနှင့် ဆရာတော်/သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းကွမ်းအခက်အခဲမရှိစေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင်လ ၁၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ သာစံကျောင်းတိုက်ကြီးတွင်ကျင်းပရာ ဆက်ကပ်လှူဒါန်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မောဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးရေးဦးစီးဌာန၊ ပခုက္ကူမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်‌ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲ က မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အားကစာနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်နှင့် မုံရွာမြို့ပေါ်မှ အားကစားဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ စုစုပေါင်းအင်အား ၈၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟော‌ပြောပွဲအား ဇူလိုင်လ(၁၆)ရက်နေ့နံနက်က လေဗွေချောင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to