ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ဒဂုံတောင် မတ် ၁၁

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်း ယနေ့နံနက်က စတင်ဖြေဆိုလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၂၄၈၈ ဦး  ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဖြေဆိုကြရမည်ဖြစ်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၊ အမှတ် (၅)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း (စိုက်မွေး) စာစစ်ဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) စာစစ်ဌာန (၇) ဌာနတို့ဖြင့် ဖြေဆိုခြင်းဖြစ်သည်။

ထိုသို့ဖြေဆိုရာတွင် စာစစ်ဌာန (၆)ခုဖြစ်သော အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၃၀၃ ဦး၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၅၅၅ ဦး၊ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၄၄၆ ဦး၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၃၂၇ ဦး၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၃၅၀ ဦး၊ အခြေခံပညာအထက်တန်းကျောင်း (စိုက်မွေး) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၂၃၄ ဦး စုစု‌ပေါင်း ၂၂၁၅ ဝင်ရောက်ဖြေဆိုရာ ၉၄ ဒဿမ ၄၆ ရာခိုင်နှုန်းနှင့် အခြေခံပညာအထက်တန်းကျောင်း (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၁၄၄ ဦး စာရင်းပေးသွင်းထားပြီး လာရောက်ဖြေဆိုသူ ၁၄၄ ဦး ဖြေဆိုကြရာ ရာခိုင်နှုန်းပြည့်ဖြေဆိုကြကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ  ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်ကာ ပညာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးအောင် ( ပြန်/ဆက်)