တောင်သာ မတ် ၁၁
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ ဘာသာရပ်ကို ယနေ့နံနက် ၉နာရီမှစ၍ စာစစ်ဌာန (၄)ခုတွင် ဖြေဆိုလျှက်ရှိကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြရာစာစစ်ဌာန(၄)ခုဖြစ်သည့် အထက တောင်သာ၊ အထက ဝဲလောင်၊ အထက(ဇဂျမ်း)၊ အထက(ကျောဇီ)တို့တွင် ကျောင်းသား (၂၃၆) ဦး၊ ကျောင်းသူ(၄၃၉) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၆၇၅) ဦးအနက် မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၂၁၈)ဦး၊ ကျောင်းသူ(၄၂၀) စုစုပေါင်း ကျောင်းသားကျောင်းသူ(၆၃၈) ဦး (၉၄ ဒသမ ၅၂)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရနှင့် ဗိုလ်မှူး ဇေယျကျော်စွာအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)