မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်၊ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ တံတားဦး၊ စဉ့်ကိုင်၊ သာစည်၊ ကျောက်ဆည်၊ မြစ်သားနှင့် ငါန်းဇွန်မြို့နယ်တို့၌ စာစစ်ဌာနများတွင် ယနေ့ နံနက်ပိုင်းက စတင်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပထမနေ့မြန်မာစာဘာသာရပ်အား Grade-12 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
မန္တလေး
မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း စာစစ်ဌာန ၃ ခုရှိပြီး စာရင်းရှိ ကျောင်းသား ၈၁၂ ဦးနှင့် ကျောင်းသူ ၁၀၆၈ ဦး စုစုပေါင်း ၁၈၈၀ ဦးရှိရာ ပထမနေ့တွင် လာရောက်စာမေးပွဲ ဖြေဆိုသူ ကျောင်းသား ၇၄၇ ဦးနှင့် ကျောင်းသူ ၁၀၂၉ ဦး စုစုပေါင်း ၁၇၇၆ ဦး ပျက်ကွက်စာရင်း စုစုပေါင်း ၁၁၄ဦးရှိရာ ဖြေဆိုသည့် ရာခိုင်နှုန်း ၉၄ ဒသမ ၄၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ပြင်ဦးလွင်
ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန ၇ခု ဖွင့်လှစ်၍ မတ် ၁၁ရက် နံနက် ၉နာရီတွင် မြန်မာစာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိရာ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော် မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေးကြသည်။
ပြင်ဦးလွင်မြို့နယ်၌ စာစစ်ဌာန(၇)ခုတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၅၀၂၉ ဦးရှိပြီး မြန်မာစာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ ၄၈၆၅ ဦးနှင့် ပျက်ကွက် ၁၆၄ဦး ရှိသည်။ ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၆ ဒသမ ၇၄ ရာခိုင်နှုန်း၊ ပျက်ကွက်ရာခိုင်နှုန်းမှာ ၃ ဒသမ၂၆ ရာခိုင်နှုန်း ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပုသိမ်ကြီး
ပုသိမ်ကြီးမြို့နယ်၌ မြန်မာစာဘာသာရပ်ကိုစတင်ဖြေဆိုရာ အခြေခံပညာအထက်တန်းအဆင့် Grade- 12 တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာရင်းရှိ ကျောင်းသား ၅၄၅ ဦး၊ ကျောင်းသူ ၈၂၇ ဦး၊ စုစုပေါင်း ၁၃၇၂ ဦး ရှိပြီး၊ လာရောက်ဖြေဆိုသူ ကျောင်းသား ၅၀၃ ဦး၊ ကျောင်းသူ ၈၀၈ ဦး၊ စုစုပေါင်း ၁၃၁၁ ဦး ဝင်ရောက်ဖြေဆိုကြသည်။ ဖြေဆိုပျက်ကွက်သူပေါင်း ကျောင်းသား ၄၂ ဦး၊ ကျောင်းသူ ၁၉ ဦး၊ စုစုပေါင်း ၆၁ ဦးရှိကာ ဖြေဆိုသည့် ရာခိုင်နှုန်း ၉၅ ဒသမ ၅၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တံတားဦး
တံတားဦးမြို့နယ် တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာကို အ.ထ.က(တံတားဦး ) စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျောင်းသား ၂၆၄ဦး၊ ကျောင်းသူ ၃၇၃ဦး၊ စုစုပေါင်း ၆၃၇ဦးရှိရာ လာရောက်ဖြေဆိုသူ ကျောင်းသား ၂၄၁ဦး၊ ကျောင်းသူ ၃၆၁ဦး၊ စုစုပေါင်း ၆၀၂ဦးဖြစ်ပြီး၊ အ.ထ.က ချောင်းခွစာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျောင်းသား ၁၃၇ဦး၊ ကျောင်းသူ ၂၀၅ဦး၊ စုစုပေါင်း ၃၄၂ဦးရှိရာ လာရောက်ဖြေဆိုသူ ကျောင်းသား ၁၃၂ဦး၊ ကျောင်းသူ ၂၀၃ဦး၊ စုစုပေါင်း ၃၃၅ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
စဉ့်ကိုင်
စဉ့်ကိုင်မြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို အထက(စဉ့်ကိုင်) စာစစ်ဌာန၊ အထက(ပလိပ်)စာစစ်ဌာနနှင့် အထက (ဘယ်လင်း)စာစစ်ဌာနဟူ၍ စာစစ်ဌာနသုံးခုဖြင့် ဖွင့်လှစ်ခဲ့ရာ (ပထမနေ့) မြန်မာစာဘာသာရပ်ဖြေဆိုရန် စာရင်းရှိ ကျောင်းသားဦးရေ ၈၂၂ ဦး၊ ကျောင်းသူဦးရေ ၉၁၄ ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူဦးရေ ၁၇၃၆ ဦးရှိပြီး၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားဦးရေ ၇၈၅ ဦး၊ ကျောင်းသူဦးရေ ၈၉၆ ဦး၊ စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူဦးရေ ၁၆၈၁ ဦး ဝင်ရောက်ဖြေဆိုကာ၊ ပျက်ကွက်ကျောင်းသားဦးရေ ၃၇ ဦး၊ ကျောင်းသူဦးရေ ၁၈ ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူဦးရေ ၅၅ ဦး ပျက်ကွက်ခဲ့ကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၆ ဒဿမ ၈၃ ရာခိုင်နှုန်းရှိပြီး ပျက်ကွက်မှုမှာ ၃ ဒဿမ ၂၇ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သာစည်
သာစည်မြို့နယ်စာစစ်ဌာနငါးခုတွင် အထက(၁)သာစည်စာစစ်ဌာန၌ ကျောင်းတွင်းဖြေဆိုမည့်သူ ၄၈၇ ဦးနှင့် ပြင်ပဖြေဆိုမည့်သူ ၂၃၀ စုစုပေါင်း ၇၁၇ ဦး၊ အထကညောင်ရမ်းစာစစ်ဌာန၌ ကျောင်းတွင်းဖြေဆိုမည့်သူ ၂၂၀ ဦးနှင့် ပြင်ပဖြေဆိုမည့်သူ ၇၇ ဦး စုစုပေါင်း ၂၉၇ ဦး၊ အထက (ဟံဇား)စာစစ်ဌာန၌ ကျောင်းတွင်းဖြေဆိုမည့်သူ ၂၀၅ ဦးနှင့် ပြင်ပဖြေဆိုမည့်သူ ၈၃ ဦး စုစုပေါင်း၂၈၈ ဦး၊ အထက(ယင်းမာပင်)စာစစ်ဌာန၌ ကျောင်းတွင်းဖြေဆိုမည့်သူ ၇၇ ဦးနှင့် ပြင်ပဖြေဆိုမည့်သူ ၁၇ ဦး စုစုပေါင်း ၉၄ ဦးနှင့် အထက(မယ်ဇလီကန်)စာစစ်ဌာန၌ ကျောင်းတွင်းဖြေဆိုမည့်သူ ၁၅၈ ဦး နှင့်ပြင်ပဖြေဆိုမည့်သူ ၈၅ ဦးစုစုပေါင်း ၂၄၃ ဦး၊ စုစုပေါင်းပေါင်းဖြေဆိုမည့်သူ ၁၆၃၉ ဦးရှိရာ ယနေ့စတင်ဖြေဆိုသူ ၁၅၈၇ ဦး ပျက်ကွက်သူ ၅၂ ဦး၊ ရာခိုင်နှုန်း ၉၆ ဒသမ ၈၃ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ကျောက်ဆည်
ကျောက်ဆည်မြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် စာဖြေဌာနများကို အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ မင်းစုအခြေခံပညာအထက်တန်းကျောင်း၊ သံရွာအခြေခံပညာ အထက်တန်းကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံနည်းပညာ(အထက)များတွင် ဖွင့်လှစ်ဆောင်ရွက် ပေးထားပြီး အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစာဖြေဌာနတွင် ကျောင်းသား(၃၂၆)ဦး၊ ကျောင်းသူ(၃၁၅)ဦး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစာဖြေဌာနတွင် ကျောင်းသား(၂၄၇)ဦး၊ ကျောင်းသူ(၂၉၃)ဦး၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း စာဖြေဌာနတွင် ကျောင်းသား(၁၆၈)ဦး၊ကျောင်းသူ(၂၀၁)ဦး၊ မင်းစုအခြေခံပညာ အထက်တန်းကျောင်း စာဖြေဌာနတွင် ကျောင်းသား(၉၂)ဦး၊ကျောင်းသူ(၁၁၉)ဦး၊ သံရွာအခြေခံပညာ အထက်တန်းကျောင်းစာဖြေဌာနတွင် ကျောင်းသား(၁၃၃)ဦး၊ကျောင်းသူ(၁၅၆)ဦး၊ အစိုးရစက်မှု လက်မှုသိပ္ပံနည်းပညာ(အထက)ကျောင်းစာဖြေဌာနတွင် ကျောင်းသား(၄၇)ဦး၊ ကျောင်းသူ(၂၈)ဦး၊ စုစုပေါင်း (၂၁၂၅)ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြစ်သား
မြစ်သားမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ စာစစ်ဌာန ၄ ခုဖြစ်သည့် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် လာရောက်ဖြေဆိုသူ ကျောင်းသား ၁၆ ဦး နှင့် ကျောင်းသူ ၁၄ဦး၊ စုစုပေါင်း ၃၀၊ မြစ်သားအခြေခံပညာ အထက်တန်းကျောင်းတွင် လာရောက်ဖြေဆိုသူ ကျောင်းသား ၂၀၄ ဦးနှင့် ကျောင်းသူ ၃၃၇ ဦး စုစုပေါင်း ၅၄၁ ဦး၊ ကူမဲအခြေခံပညာအထက်တန်းကျောင်းတွင် လာရောက်ဖြေဆိုသူ ကျောင်းသား ၂၅၉ ဦးနှင့် ကျောင်းသူ ၃၉၁ ဦး၊ စုစုပေါင်း ၆၅၀၊ ရွာခိုင်ကြီးအခြေခံပညာအထက်တန်းကျောင်းတွင် လာရောက်ဖြေဆိုသူ ကျောင်းသား ၃၇ ဦးနှင့် ကျောင်းသူ ၅၂ ဦး၊ စုစုပေါင်း ၈၉ ဦးရှိပြီး စာစစ်ဌာန ၄ခု ရှိဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၃၁၀ တို့ ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ငါန်းဇွန်
ငါန်းဇွန်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို အ.ထ.က(ငါန်းဇွန်)စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသူ (၁၀၇)ဦး၊ ကျောင်းသူ (၁၂၆)ဦး စုစုပေါင်း (၂၃၃)ဦး၊ ဖြေဆိုသူ ကျောင်းသား (၁၀၁)ဦး၊ ကျောင်းသူ (၁၂၅)ဦး စုစုပေါင်း (၂၂၆)ဦး၊ ပျက်ကွက် ကျောင်းသား (၆)ဦး၊ ကျောင်းသူ (၁)ဦး စုစုပေါင်း(၇)ဦးရှိရာ ဖြေဆိုသူ ၉၇ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန