မူဆယ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီမှ နွေရာသီအားကစားသင်တန်းများ (အခမဲ့)ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မူဆယ်ခရိုင်အားကစားနှင့်ကာယပညာကော်မတီမှ နွေရာသီအားကစားသင်တန်းများ (အခမဲ့)ဖွင့်လှစ်ခြင်းကို မိုးလုံလေလုံအားကစားရုံနှင့် အဆင့်မြင့်တင်းနစ်အားကစားကွင်းတို့တွင် မတ်လ ၁၀ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ်(Central Equipment Identity Register- CEIR)အကြောင်း ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မွန်ပြည်နယ်အခွန်ဦးစီးဌာန မှူးရုံးမှ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register -CEIR )အကြောင်းနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ပူတာအိုခရိုင်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့သင်္ချာဘာသာရပ် အေးချမ်းစွာဆက်လက်ဖြေဆို

ကချင်ပြည်နယ်၊ပူတာအိုခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ယနေ့ နံနက်ပိုင်းကဖြေဆိုလျက်ရှိရာ ပူတာအိုခရိုင်တွင် စာစစ်ဌာန (၃) ခုတွင် ကျောင်းသားကျောင်းသူများအေးချမ်းစွာဆက်လက်ဖြေဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်အသီးသီးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများအား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိ

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁)ရက်နေ့မှ စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပူတာအိုခရိုင်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်း မြန်မာစာဘာသာရပ် အေးချမ်းစွာစတင်ဖြေဆို

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်း မြန်မာစာဘာသာရပ်ကိုစတင်ဖြေဆိုလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပူတာအိုခရိုင်တွင် စာစစ်ဌာန(၃)ခုတွင် ကျောင်းသားကျောင်းသူများအေးချမ်းစွာစတင် ဖြေဆိုသည်။

ပူတာအိုခရိုင်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာဆက်လက်ဖြေဆို

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက်ပိုင်းကဖြေဆိုလျက်ရှိရာ ပူတာအိုခရိုင်တွင် စာစစ်ဌာန (၃) ခုတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဆက်လက်ဖြေဆိုသည်။

ပခုက္ကူမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ သူနာပြုနှင့်သားဖွားသင်တန်း‌ကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြသည်။

နမ့်စန်မြို့နယ်တွင် လူကုန်ကူးမှုကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လူကုန်ကူးမှုကြိုတင်ကာကွယ်ရေးဆိုင်ရာ  အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီခွဲ က အမှတ် (၂) ရပ်ကွက် ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။

ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် "ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့" အခမ်းအနား ကျင်းပ

 ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ (၁၂) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊  "ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့" အခမ်းအနား ကျင်းပပြုလုပ်သည်။

ပုဗ္ဗသီရိမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ''လောကဓံနှင့် ဘောလုံးကစားခြင်း''  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တခရိုင်၊ ပုဗ္ဗသီရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ထက်ကျော် ရေးသားသည့် "လောကဓံနှင့် ဘောလုံးကစားခြင်း" စာအုပ်ဖြင့် ယနေ့နံနက် ၉နာရီခွဲအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to