ရန်ကုန် မတ် ၁၂
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁)ရက်နေ့မှ စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန်စစ်ဆေးခြင်းများနှင့် လိုအပ်သည့်စစ်ဆေးမှုများအား စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ မြန်မာစာဘာသာရပ် စတင်ဖြေဆိုသည့် မတ်လ ၁၁ ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပန်းဘဲတန်းမြို့နယ်တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၆၆)ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၅၆)ဦး၊ ပျက်ကွက် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၈၄.၈၄)ရာခိုင်နှုန်းနှင့် ပျက်ကွက်မှု (၁၅.၁၆)ရာခိုင်နှုန်းရှိကြောင်း၊ တာမွေမြို့နယ်ရှိ စာစစ်ဌာနများတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၀၄၇)ဦးရှိသည့်အနက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀၆)ဦး လာရောက်ဖြေဆိုခဲ့ကြကြောင်းနှင့် ပျက်ကွက် ကျောင်းသား၊ ကျောင်းသူ(၄၁)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၀၈)ရာခိုင်နှုန်းရှိကြောင်း၊ ဗိုလ်တထောင်မြို့နယ် စာစစ်ဌာန (၂)ခုဖြစ်သော အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦး၊ ဖြေဆိုသူ (၂၃၈)ဦး၊ ပျက်ကွက် (၁၂)ဦး၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၃၀၈)ဦး၊ ဖြေဆိုသူ (၂၈၉)ဦး၊ ပျက်ကွက် (၁၉) ဦးရှိကြောင်း၊ မြောက်ဥက္ကလာမြို့နယ်ရှိ စာစစ်ဌာန ၄ ခုတွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၆၅၈)ဦးရှိရာ လာရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၂၅၂၀)ဦး၊ ပျက်ကွက် ကျောင်းသား၊ ကျောင်းသူ (၁၃၈)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၅)ရာခိုင်နှုန်းရှိကြောင်း၊ စမ်းချောင်းမြို့နယ်ရှိ အ.ထ.က(၂) စမ်းချောင်းစာစစ်ဌာနတွင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၃၅၀)ဦးရှိကြောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၃၅၂)ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၃၁၁)ဦးရှိပြီး ပျက်ကွက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၁)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၈၈.၃၅)ရာခိုင်နှုန်းရှိကြောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အမှတ် (၁၆၈)ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုရန်စာရင်းပေးထားသည့် ကျောင်းသား၊ ကျောင်းသူ (၈၇၇)ဦးရှိပြီး မြန်မာစာဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၂၆)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၉၄.၁၈) ရာခိုင်နှုန်း ရှိကြောင်း၊ ပုဇွန်တောင်မြို့နယ်၌ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် စာဖြေဌာနဖွင့်လှစ်ဖြေဆိုခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၁၇)ဦး လာရောက်ဖြေဆိုခဲ့ကြောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အနေဖြင့် စာစစ်ဌာန (၂)ခု ဖွင့်လှစ်ထားရှိပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၀၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန်လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ (၁၅၂၉)ဦးရှိပြီး (၁၄၈၁)ဦး ဝင်ရောက်ဖြေဆို၍ (၄၈)ဦးပျက်ကွက်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၆.၈၆)ရာခိုင်နှုန်းဖြစ်ကြောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၃၀၃) ဦး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၅၅၅) ဦး၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင်ကျောင်းသား၊ ကျောင်းသူ (၄၄၆) ဦး၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၃၂၇) ဦး၊ အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၃၅၀) ဦး၊ အခြေခံပညာအထက်တန်းကျောင်း(စိုက်မွေး) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၂၃၄) ဦး စုစုပေါင်း (၂၂၁၅) ဦး ဝင်ရောက်ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၄.၄၆)ရာခိုင်နှုန်းနှင့် အခြေခံပညာအထက်တန်းကျောင်း (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၁၄၄) ဦး စာရင်းပေးသွင်းထားပြီး လာရောက်ဖြေဆိုသူ (၁၄၄) ဦး ဖြေဆိုကြရာ ရာခိုင်နှုန်းပြည့်ဖြေဆိုခဲ့ကြကြောင်း၊ အ.ထ.က (တံတား)စာစစ်ဌာနတွင် ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား (၁၂၇)ဦး၊ ကျောင်းသူ (၁၂၉)ဦးနှင့် ပြင်ပမှဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၁၉)ဦး၊ ကျောင်းသူ(၁၀)ဦး စုစုပေါင်း(၂၈၅)ဦး ဖြေဆိုခဲ့ကြောင်း၊ ဗဟန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ (၇၇၄)ဦးရှိပြီး (၇၄၁)ဦးဝင်ရောက်ဖြေဆို၍ (၃၃)ဦးပျက်ကွက်သဖြင့် ဖြေဆိုမှု ရာခိုင်နှုန်း (၉၅.၇၄) ရှိကြောင်း၊ မရမ်းကုန်းမြို့နယ်ရှိ အ.ထ.က (၁) စာစစ်ဌာနတွင် စာရင်းရှိဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၈၀) ဦးရှိသည့်အနက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၅၇) ဦး ဖြေဆိုခဲ့ပြီး ပျက်ကွက် (၂၃) ဦး ဖြေဆိုရာခိုင်နှုန်း (၉၆.၈၃) ရာခိုင်နှုန်းနှင့် အ.ထ.က (၂)စာစစ်ဌာနတွင် စာရင်းရှိဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၈၁) ဦးရှိရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၅၂) ဦး ဖြေဆိုပြီး ပျက်ကွက် (၂၉)ဦး ဖြေဆိုရာခိုင်နှုန်း (၉၅.၀၁)ရာခိုင်နှုန်း ဖြေဆိုခဲ့ကြောင်း၊ ကိုကိုးကျွန်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရန်စာရင်းပေးထားသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈)ဦးက လာရောက်ဖြေဆိုကြပြီး ဖြေဆိုမှုရာခိုင်နှုန်း ၁၀၀ ရာခိုင်နှုန်းရှိကြောင်း၊ ကော့မှူးမြို့နယ်တွင် အ.ထ.က ကော့မှူးစာစစ်ဌာန၌ ဖြေဆိုရန်စာရင်းပေးထားသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၃၈)ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၃၂၀)ဦး၊ အ.ထ.က(နတ်စင်ကုန်း) စာစစ်ဌာနတွင် ဖြေဆိုရန်စာရင်းပေးထားသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၆၆)ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၂၄၈)ဦးရှိကြောင်း ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် (၉၄.၀၄) ရာခိုင်နှုန်းရှိပြီး၊ ပျက်ကွက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၆)ဦးရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်နေ့တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုပြီး မတ် ၁၂ ရက် ကြာသပတေးနေ့တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ် ၁၃ ရက် သောကြာနေ့တွင် သင်္ချာဘာသာရပ် မတ် ၁၄ ရက် စနေနေ့တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်၊ မတ် ၁၆ ရက် တနင်္လာနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ် ၁၇ ရက် အင်္ဂါနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမည်ဖြစ်ပြီး မတ် ၁၅ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရှိရသည်။
ပြန်/ဆက်