ကန်ကြီးထောင့်မြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာရေးနှင့် စုံရက်၊မရက်ခွဲခြားမောင်းနှင်နိုင်ရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာရေးနှင့် စုံရက်၊ မရက်ခွဲခြားမောင်းနှင်နိုင်ရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီမှတာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဇီးကုန်းမြို့နယ်၌ နွေစပါးစိုက်တောင်သူများအား စိုက်ပျိုးစရိတ်နှင့် သွင်းအားစုများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ နွေစပါးစိုက်တောင်သူများနှင့် Rice Export Zone အတွက် တောင်သူများအား စိုက်ပျိုးစရိတ်နှင့်သွင်းအားစုများပေးအပ်ခြင်းကို ယမန်နေ့က ရွှေကြို့ပင်ကျေးရွာအုပ်စု၊ ရွှေကြို့ပင်(ရွာမ)ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း -မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်မွန်ပြည်နယ် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် (၂၀၂၆) ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်တွင် လူငယ်၊ လူရွယ်လေးများအနေဖြင့် အားကစားနည်းများကို အခြေခံကျနားလည်တတ်မြောက်စေရန်နှင့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းစေရန်ရည်ရွယ်၍ မွန်ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသူ၊ သင်တန်းသားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ထားဝယ်မြို့၌ လောင်စာဆီချွေတာရေး “စုံ” ရက်၊ “မ”ရက် ယာဉ်အသုံးပြုစီမံချက် ပူးပေါင်း ပါဝင်ဆောင်ရွက်ရေးအသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လောင်စာဆီချွေတာရေးကိုရည်ရွယ်ပြီးအမှတ် ၇၄ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးသန်းဇော်ဝင်းဦးဆောင်၍ တပ်ဖွဲ့ဝင်များ က ဒေသခံပြည်သူများအား “စုံ”ရက်၊ “မ”ရက် ယာဉ်အသုံးပြု စီမံချက်ပူးပေါင်းပါဝင်ဆောင်ရွက်ရေးအသိပညာပေးမှုကို မတ်လ ၇ ရက်နေ့မှစ၍ မတ်လ ၁၃ ရက်နေ့အထိ ဆောင်ရွက်လျက်ရှိသည်။

ကြို့ပင်ကောက်မြို့တွင် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အ ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မတ်လ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီအခြေခံကွန်ပျူတာ၊အင်္ဂလိပ်စာ၊ ကိုရီးယား၊ ပန်းချီနှင့် စစ်တုရင်သင်တန်းများ ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်ဝန်​ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မတ် (၁၃) ရက် နံနက် (၉) နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ကိုရီးယားစကားပြော၊ ပန်းချီနှင့်စစ်တုရင်သင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးဒုတိယညွှန်ကြားရေးမှူးချုပ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/သူများအား လှည့်လည်ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းသည် တံတားဦးမြို့နယ်တွင် ကျင်းပလျက်ရှိသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတတိယနေ့ သင်္ချာဘာသာအေးချမ်းစွာဖြေဆိုနေကြသည့် ကျောင်းသား/သူများအား လှည့်လည်ကြည့်ရှုအားပေးကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ (၁၃၈၇) ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် (၁၃၈၇)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့​သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လက်တွေ့မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်း အခမ်းအနားတက်ရောက်ချီးမြှင့်၊ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) သို့တက်ရောက်

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်က ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှဦးစီး၍ လက်တွေ့မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းကို လွိုင်ကော်မြို့ အောင်သီဟရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းဝန်းအတွင်းကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသနေပြည်သူများ တက်ရောက်ကြသည်။

ဘုတ်ပြင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား အားဖြည့်အချိုရေနှင့်အာဟာရပြည့်မုန့်နှင့်ရေသန့်များဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့မှစတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တတိယနေ့အဖြစ် သင်္ချာဘာသာကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။
Subscribe to