ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သောပဲကြီး ၁၁၄၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ပဲကြီးသီးနှံ၁၁၄၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အိမ်မဲမြို့၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာဘာသာရပ်အား ကျောင်းသား/သူ (၁၁၂၇) ဦး ဝင်ရောက်ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၁၀ ခုဖြစ်သော အထက-၁ တွင် ၂၁၅ ဦး အထက-၂ တွင် ၂၀၀ ဦး အထကရွာသစ်တွင် ၁၇၆ ဦး၊ အထက -ကြို့ကုန်းတွင် ၁၇၃ ဦး အထက-တကူဆိပ်တွင် ၉၈ ဦး အထက-ဝါးတလုတ်ကမ်းနီတွင် ၅၉ ဦး အထက- လူကောင်းကျွန်းတွင် ၄၁ ဦး အထက-ကျုံတလုတ်တွင် ၃၇ ဦး အထက-ဘုရားကြီးကုန်းတွင် ၇၃ ဦး၊ အထက-ကြခတ်ကွေ့တွင် ၅၅ ဦးစသည့် စာစစ်ဌာန၁၀ ခုတို့တွင် စုစုပေါင်းကျောင်းသား ကျောင်းသူ ၁၁၂၇ ဦးတို့သည် မတ်လ ၁၁ ရက်နေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့၌ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာဘာသာရပ်အား ကျောင်းသား/သူ (၁၁၂၇) ဦး ဝင်ရောက်ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၁၀ ခုဖြစ်သော အထက-၁ တွင် ၂၁၅ ဦး အထက-၂ တွင် ၂၀၀ ဦး အထကရွာသစ်တွင် ၁၇၆ ဦး၊ အ.ထ.က-ကြို့ကုန်းတွင် ၁၇၃ ဦး အ.ထ.က-တကူဆိပ်တွင် ၉၈ ဦး အထက-ဝါးတလုတ်ကမ်းနီတွင် ၅၉ ဦး အ.ထ.က-လူကောင်းကျွန်းတွင် ၄၁ ဦး အ.ထ.က-ကျုံတလုတ်တွင် ၃၇ ဦး အထက-ဘုရားကြီး ကုန်းတွင် ၇၃ ဦး၊ အ.ထ.က-ကြခတ်ကွေ့တွင် ၅၅ ဦးစသည့် စာစစ်ဌာန ၁၀ ခုတို့တွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၁၂၇ ဦးတို့သည် မတ်လ ၁၁ ရက်နေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ငရုတ်ကောင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို မတ်လ ၁၀ ရက်နေ့ တာဝန်ရှိသူများက ငရုတ်ကောင်းမြို့ရှိ စာစစ်ဌာနသို့ ကြည့်ရှုစစ်ဆေးခဲ့သည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ အေးချမ်းစွာ စတင်ဖြေဆို

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်နေ့နံနက်(၉)နာရီက (အ.ထ.က)ချောင်းဆုံစာစစ်ဌာန  စတင်ဖြေဆိုလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများမှ ပထမနေ့ မြန်မာဘာသာကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုနေမှုအား ကြည့်ရှုခဲ့ကြသည်။

မိုးကောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

နိုင်ငံတစ်ဝန်းလုံး၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်တွင် စတင်ဖြေဆိုပြီဖြစ်ရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်လည်း ယမန်နေ့ နံနက်(၉)နာရီတွင် မြန်မာစာဘာသာရပ် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ချောင်းသာမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူဦးရေ ၈၀ရာခိုင်နှုန်းကျော်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် မတ် ၁၁ ရက်နေ့ နံနက် ၉ နာရီက စတင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ (မြန်မာစာ) ဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၈၀ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရှိရသည်။

တနိုင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ G-12 ကျောင်းသား/ ကျောင်းသူများ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် Grade- 12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၁ ရက်နေ့နံနက် ၉ နာရီက အ.ထ.က-၁ တနိုင်း စာစစ်ဌာနနှင့် အ.ထ.က-ရှင်ဗွေယန် စာစစ်ဌာန၌ မြန်မာစာဘာသာရပ် စတင်ဖြေဆိုကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ် မင်းရွာကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) လုပ်ငန်းများဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ မင်းရွာကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသောလုပ်ငန်းများကို မတ် ၁၂ ရက်၊ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ငပုဝောာမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၄)ခု တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ (၁၉၀၄) ဦး မြန်မာစာဘာသာရပ်အား အေးချမ်းစွာ စတင်ဖြေဆို

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၌ စာစစ်ဌာန(၁၄)ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး မတ် ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာစာဘာသာရပ်အားစတင်‌ဖြေဆိုရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၉၀၄)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း ငပုတောမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Subscribe to