ကျောက်တံခါးမြို့နယ် ဇရပ်ကုန်း (မြောက်) ဘုန်းတော်ကြီးကျောင်း ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွင် နယ်လှည့်အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဇရပ်ကုန်း (မြောက်) ဘုန်းတော်ကြီးကျောင်း ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်၌ ဆောင်ရွက်ခဲ့ကြသည်။

ဆီဆိုင်မြို့နယ်၌ အပ်ချုပ်စက်နှင့်မော်တော်ဆိုင်ကယ်ပြုပြင်ခြင်း နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး ဆွေးနွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများနှင့် လူငယ်များအလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့် စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်စေရေးရည်ရွယ်၍ အပ်ချုပ်စက်နှင့်မော်တော်ဆိုင်ကယ်ပြုပြင်ခြင်း နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာ(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

လားရှိုးမြို့တွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများသို့ စုစုပေါင်း သောက်သုံးရေ ၁၈၀၀ ဂါလံအား သွားရောက်လှူဒါန်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိသောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများသို့ စုစုပေါင်းသောက်သုံးရေ ၁၈၀၀ ဂါလံအား သွားရောက်လှူဒါန်းခြင်းကို မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။

အောင်လံမြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့တွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့၌ ကျရောက်မည့် "ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့"ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးလှုပ်ရှားမှုတစ်ရပ်ကို ယနေ့ နံနက်ပိုင်းက မြို့မစျေးကြီးရှေ့တွင် ပြုလုပ်ခဲ့သည်။

ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စတင်ဖြေဆိုလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ မြန်မာစာဘာသာရပ်ကိုဖြေဆိုလျက်ရှိရာ မြို့နယ်အတွင်းဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန(၃)ခုတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိသည်။

ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၌ စာဖတ်ခြင်းအကျိုးကျေးဇူးဟောပြောခြင်းနှင့် စာအုပ်စာစောင်ပြပွဲ ခင်းကျင်းပြသ

ကျောင်းသား၊ကျောင်းသူလူငယ်များ စာအုပ်စာပေများကိုချစ်မြတ်နိုးပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာ၊ ဗဟုသုတများ စဉ်ဆက်မပြတ်လေ့လာဆည်းပူးနိုင်ရန်ရည်ရွယ်ပြီး စာဖတ်ခြင်းအကျိုးကျေးဇူး ဟောပြောခြင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

နောင်ချိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာ‌မေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အချိုရည်နှင့်မုန့်များပေးဝေ

၂၀၂၆ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို အမြို့မြို့အနယ်နယ်တွင်ကျင်းပလျက်ရှိရာ နောင်ချိုမြို့နယ်အနေဖြင့် မြန်မာစာဘာသာရပ်ကို အမှတ်(၁)အခြေခံပညာအထက်တန်း‌ကျောင်းစာစစ်ဌာန၌ ကျောင်းသား၊ကျောင်းသူ ၂၈၉ ဦး ဝင်ရောက်ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သံဖြူဇရပ်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်စတင်ဖြေဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယမန်နေ့နံနက် ၉ နာရီ အချိန်မှစတင်၍ အေးချမ်းစွာဖြင့် သံဖြူဇရပ်မြို့ အ ထ က(၁)၊ အ ထ က(၂)၊ အထက(ကျိုက္ခမီ)၊ အထက(ကျုံကဒတ်)စာစစ်ဌာနတို့တွင်စတင်ဖြေဆိုလျက်ရှိသည်။

တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုခဲ့ကြသည့် ကျောင်းသား/ကျောင်းသူလေးများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များက နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိသည်။

ချောက်မြို့၌ နွေရာသီသင်တန်းတက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to