အုတ်ဖို ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင်၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် (Kg)တန်းမှ Grade-12တန်းအထိ အခြေခံပညာကျောင်းများကို ဇွန်လ ၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ (၁၈၉၃၃)ဦး အပ်နှံခဲ့ပြီးတတ်ရောက်ကာ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင်(ထက်၊ လယ်၊ မူ) အခြေခံပညာကျောင်းပေါင်း (၁၇၈)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်း၊ ဘ/က(၇)ကျောင်းရှိပြီး မူလတန်းအဆင့် ၁၂၆၉၉ ဦး၊ အလယ်တန်းအဆင့် ၄၅၂၉ ဦး၊ အထက်တန်းအဆင့် ၁၇၀၅ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ(၁၈၉၃၃)ဦးတို့ အေးချမ်းစွာတတ်ရောက်သင်ကြား၍ မြို့နယ်ပညာရေးမှူးရုံးမှ ကြီးကြပ်မှုဖြင့် ဆရာ/ဆရာမက အေးချမ်းစွာပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)