တောင်ငူ ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ ကွန်ပျူုတာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက် သင်တန်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက်သင်တန်းများကို ဇွန်လ၊ (၃) ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာတက်ရောက် ပညာသင်ကြားလျက်ရှိသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပထမနှစ်မှ ပဥ္စမနှစ်အထိ သင်တန်းများနှင့် ဘွဲ့လွန်မဟာဘွဲ့တန်းသင်တန်းများ ဖွင့်လှစ်လျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တတိယနှစ်(ပထမနှစ်ဝက်) သင်တန်းများကို ဖွင့်လှစ် သင်ကြားလျက်ရှိသည်။ အဆိုပါတက္ကသိုလ်တွင် စာရင်းရှိကျောင်းသား၊ ကျောင်းသူဦးရေ (၄၅၀) ကျော်ခန့် ကျောင်းအပ်နှံ သင်ကြားလျက်ရှိကြောင်းသိရသည်။
ဇော်ကိုကို (တောင်ငူ)