ကံမမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကံမ ဇွန် ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ ယနေ့နံနက်(၈)နာရီက ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ခဲ့ကြသည်။

ကံမမြို့နယ်အတွင်း မူလတန်းကျောင်း(၉၅)ကျောင်း၊ မူလတန်းကျောင်းခွဲ(၂)ကျောင်း၊ မူလတန်းလွန်ကျောင်း(၈)ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၃)ကျောင်း၊ အထက်တန်းကျောင်း (၆)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း စုစုပေါင်းအခြေခံပညာကျောင်း(၁၂၉)ကျောင်းရှိပြီး    မူလတန်းဆင့်အတန်းများ၌ ကျောင်းသား ကျောင်းသူ(၆၆၃၃)ဦး၊ အလယ်တန်းဆင့်အတန်းများ၌ ကျောင်းသား ကျောင်းသူ(၂၅၉၄)ဦး၊ အထက်တန်းဆင့်အတန်းများ၌ ကျောင်းသား ကျောင်းသူ  (၁၃၆၁)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ(၁၀၅၈၈)ဦး ကျောင်းအပ်နှံ၍ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)