အမရပူရ ဇွန် ၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်း၊ ဂုဏ်ထူးတန်းသင်တန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ ဒီပလိုမာဘွဲ့၊ မဟာဘွဲ့သင်တန်းစသည့် သင်တန်းနှစ် အသီးသီးတို့၏ ပထမပညာသင်ကာလနှင့် ဒုတိယပညာသင်ကာလများကို ဇွန်လ ၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တတိယနှစ်(ပထမပညာသင်ကာလ-၂၀၂၀အောင်)၊ ပထမနှစ်ဂုဏ်ထူးတန်း (ပထမပညာသင်ကာလ)၊ ပထမနှစ်ဥပဒေမဟာဘွဲ့ (ပထမပညာသင်ကာလ)၊ ဒုတိယနှစ်ဥပဒေမဟာဘွဲ့ (ပထမပညာသင်ကာလ)နှင့် စာကြည့်တိုက်နှင့် သုတပညာဒီပလိုမာအမှတ်စဉ်(၈) သင်တန်းနှစ်အသီးသီးတို့၏ ကျောင်းအပ်မှတ်ပုံတင်ခြင်းကို မေလ ၂၃ ရက်နေ့မှစ၍ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ်တွင် သင်ကြားပို့ချပေးနေသည့် အထူးပြုဘာသာရပ်များမှာ မြန်မာစာ၊ မြန်မာမှု၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ မနုဿဗေဒ၊ ရှေးဟောင်းသုတေသနပညာ၊ စာကြည့်တိုက်နှင့်သုတပညာ၊ ဓာတုဗေဒ၊ ဇီဝဓာတုဗေဒ၊ ရူပဗေဒ၊ နျူကလိယရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ အဏုဇီဝဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ၊ မှတ်တမ်းနှင့်မော်ကွန်းစီမံခန့်ခွဲမှုပညာ၊ စီးပွားရေးပညာ၊ ကွန်ပျူတာသိပ္ပံပညာနှင့် အားကစားပညာစသည့် ဘာသာရပ်ပေါင်း (၂၈)ဘာသာကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
စိုးသီဟ(အမရ)