ကရသူရိမြို့၌ နွေရာသီကျောင်းပိတ်ရက် ကလေးများအား အရုပ်ခေါက်ပြိုင်ပွဲကျင်းပ

ကရသူရိ မတ် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ စာဖတ်ပရိသတ်ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်၍ စိတ်ရွှင်လန်းစေရေး နွေရာသီကျောင်းပိတ်ရက် ကလေးများအား အရုပ်ခေါက်ပြိုင်ပွဲကို မတ်လ ၁၆ ရက်နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ပြုလုပ်သည်။

နွေရာသီကျောင်းပိတ်ရက်၌ စာကြည့်တိုက်သို့လာရောက်၍ စာအုပ်/စာပေများဖတ်ရှုူလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူကလေးများ အသိပညာဗဟုသုတရရှိရေး၊ ဉာဏ်ရည်/ ဉာဏ်‌သွေးထက်မြက်ရေး ၎င်းတို့ကြိုက်နှစ်သက်သည့် အရုပ်ခေါက်ပြိုင်ပွဲကို ပျော်ရွှင်စွာယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို မြို့ဦးစီးမှူးက မေတ္တာလက်‌ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)