ကရသူရိ မတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ စာကြည့်တိုက်သို့လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူကလေးများအား အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များပြသ ဆောင်ရွက်ခြင်းကို မတ်လ ၁၆ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာများအကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ဆေးခြောက်၊ ဘိန်းသီးနှင့် WY ဆေးများအကြောင်း၊ မူးယစ်ဆေးဝါးးသည်လူသားတို့၏ အညွှန့်တုံးစေမှုအကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရေးနှင့် ပလတ်စတစ်ညစ်ညမ်းမှုကာကွယ်ရေးတို့ကိုဟောပြောသည်။
ထို့နောက် အသိပညာဗဟုသုတရရှိရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပလတ်စတစ်ညစ်ညမ်းမှုကာကွယ်ရေး နံရံကပ်ဘုတ်များပြသရာ ကျောင်းသား၊ ကျောင်းသူကလေးများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)