မြစ်သား မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံး၌ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပလျက်ရှိရာ မြစ်သားမြို့နယ်တွင်လည်း မတ်လ ၁၆ ရက်နေ့နံနက် ၉ နာရီက တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ၊ သမိုင်းဘာသာရပ်များကို စာစစ်ဌာနလေးခုတွင် ကျောင်းသား၊ ကျောင်းသူ ၁,၃၀၈ ဦးတို့ ဆက်လက်ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (မြစ်သား) စာစစ် ဌာန၊ အ.ထ.က (ကူမဲ) စာစစ်ဌာ၊ အ.ထ.က(ရွာခိုင်ကြီး) စာစစ်ဌာနနှင့် အ.ထ.က (စက်၊ စိုက်၊ မွေး) စာစစ်ဌာန လေးခုဖြင့်ဖွင့်လှစ်ခဲ့ရာရူပဗေဒ+သမိုင်းဘာသာရပ်များ ဖြေဆိုရန် စာရင်းရှိ ကျောင်းသား ၅၆၂ ဦး၊ ကျောင်းသူ ၈၀၉ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၃၇၁ ဦး ရှိပြီး၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ၅၁၄ ဦး၊ ကျောင်းသူ ၇၉၄ ဦး၊ စုစုပေါင်းဝင်ရောက် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူဦးရေ ၁၃၀၈ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။ ထို့နောက် ပျက်ကွက် ကျောင်းသား ၄၈ ဦး၊ ကျောင်းသူ ၁၅ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်း သူ ၆၃ ဦး ပျက်ကွက်ခဲ့ကြောင်းနှင့်ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၅ ဒဿမ ၄၀ ရာခိုင်နှုန်းရှိပြီး ပျက်ကွက်မှုမှာ ၄ ဒဿမ ၆၀ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရန် ကျောင်းဝင်းအတွင်းနှင့်အပြင်များ၌ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်သင်းသီရိ၊ ကြီးကြပ်ရေးမှူးများနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများက အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)