ဘုတ်ပြင်း မတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာနှင့်သမိုင်းဘာသာကို ယနေ့နံနက်ပိုင်းက အ.ထ.ကဘုတ်ပြင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ စာပေးပွဲလာရောက်ဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာပေးပွဲဖြေဆိုကတ်ပြား မှန်မမှန်စစ်ဆေးခြင်း၊ လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။ ဘုတ်ပြင်းမြို့နယ်အတွင်း အ.ထ.ကဘုတ်ပြင်းစာစစ်ဌာနတွင် ရူပဗေဒဘာသာကို စာရင်းရှိဖြေဆိုမည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၀၈ ဦးရှိရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၈၇ ဦး ဖြေဆိုပြီး ပျက်ကွက် (၂၁) ဦး ဖြေဆိုရာခိုင်နှုန်း(၈၉ ဒသမ ၉၀ ရာခိုင်နှုန်း)နှင့် သမိုင်းဘာသာကို စာရင်းရှိဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၃ ဦးရှိရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၉ ဦး ဖြေဆိုပြီး ပျက်ကွက် (၄) ဦး ဖြေဆိုရာခိုင်နှုန်း(၈၇ ဒသမ ၈၈ ရာခိုင်နှုန်း) ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးကိုအတွက် ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများကဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)