မြဝတီခရိုင်၌ (၅၂) ကြိမ်မြောက် “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနားကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်း ဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် (၅၂) ကြိမ်မြောက် “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်” အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပခဲ့သည်။

၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြသ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြသခြင်းကို သိုက်တူးကန်ကျေးရွာ ကွင်းအမှတ် ၈၄၆ A၊ ဦးပိုင်အမှတ် ၁၅/၂ တောင်သူ ဦးမောင်မြင့်၏ စိုက်ခင်းတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းရယ်မြို့နယ်တွင် တောင်သူများအား မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ရှိ တောင်သူများအား မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ (လားရှိုး)မှ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက နမ့်ရယ်ခန်းမ၌ ပြုလုပ်သည်။

သံတောင်ကြီးမြို့၊ ဘုရင့်နောင်အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ/ကျောင်းသားများ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်နှင့်  မေးမြန်းဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရှိလာစေရန် မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သံတောင်ကြီးမြို့ ဘုရင့်နောင်တပ်နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လပွတ္တာမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၏ ၂၀၂၄ ခုနှစ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က ၃ မိုင်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လပွတ္တာ)ကျောင်းဝင်း၌ ကျင်းပသည်။

ညောင်ဦးမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်းအား မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ကကျင်းပခဲ့ကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူတက္ကသိုလ်ကျောင်းဝန်းအတွင်း ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့ နံနက် ၈ နာရီအချိန်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

မိုးနဲမြို့နယ် နားလင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အလှူငွေများ သွားရောက် လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားလင်း (တုမ်မို)ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အလှူငွေများကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်း

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးတို့ရှိ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက် ခဲ့ကြသည်။

မိုင်းဖြတ်မြို့နယ်၌ ​မွေးမြူ​ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက် ​ဒေသကြက်များ(အခမဲ့)ဖြန့်ဖြူး​

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသက်​မွေးဝမ်း​​ကျောင်းဆိုင်ရာ ​မွေးမြူ​ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက် ​ဒေသကြက်များ (အခမဲ့)ဖြန့်ဖြူး​ပေးအပ်ပွဲကို ယ​နေ့နံနက်ပိုင်းက ​တောညိုကျေးရွာအုပ်စု၊ အင်ပါကူ​ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to