မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲ ကျင်းပ

ပြည် ဇွန် ၇

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(ပြည်)၌ ယမန်နေ့ညနေပိုင်းက မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်လင်းစိုးက မီးသတိမူရေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေး မီးသတ်ဆေးဘူး စနစ်တကျအသုံးပြုနည်းများနှင့် ပတ်သက်၌ ရှင်းလင်းပြောကြားပြီး မီးဘေးအန္တရာယ် ကျရောက်လာပါက မည်သို့ပြုလုပ်ဆောင်ရမည်ကို မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(ပြည်)မှ ဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

ကိုစိုး(ပြည်)