သာပေါင်းမြို့နယ် ဖွံ့ဖြိုးတိုးတတ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ (၂၃/၂၀၂၄) အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

သာပေါင်း ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ (၂၃/၂၀၂၄) အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်တို့မှ ဌာနဆိုင်ရာများ (၂၃/၂၀၂၄) အပတ်စဥ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ပြီး လုံခြုံရေး သတိပြု အလေးထားဆောင်ရွက်ရန်၊ (၈၆)ဘီလီယံ နွေစပါးသွင်းအားစု ဝယ်၊ ကြိတ်အဖွဲ့သို့ စပါးပေးသွင်းရေး ကြီးကြပ်ဆောင်ရွက်ရန်၊ ရေတော် မိုးတော်(၇၅၁၆)ဧက သစ်စိမ်းမြေသြဇာ မြေမြှုပ် စိုက်ပျိုးရေးကြီးကြပ်ဆောင်ရွက်ရန်၊ အဓိကသီးနှံ (၁၀)မျိုး ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြီးကြပ်ဆောင်ရွက်ရန်၊ ဆီဖူလုံရေး မြေပဲ/ နှမ်း/ နေကြာစိုက်ပျိုးရေး ကြီးကြပ်ဆောင်ရွက်ရန်၊ နေကြာ (၂၅၁၆) ဧကစိုက်ပျိုးရေး တောင်သူ၊ မြေနေရာ ရွေးချယ်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊ ကော်ဖီ (၅၀၀)ဧက စိုက်ပျိုးရေးစည်းရုံးကြီးကြပ်ဆောင်ရွက်ရန်၊ (၈၆)ဘီလီယံ မိုးစပါး သွင်းအားစု ထုတ်ပေးရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပတ်သက်မှု မရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန်၊ ကျောင်းအပ်နှံရေးအတွက် ရာနှုန်းပြည့် အပ်နှံရန်၊ KG အတန်းတက်ရောက်မှု မကျန်ရှိရေး ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်နှိုးဆော်ကြီးကြပ်ဆောင်ရွက်ရန်၊ အပတ်စဥ် စနေနေ့တိုင်း သန့်ရှင်းရေး ကြီးကြပ်ဆောင်ရွက်ရန်၊ ပြည်သူ့စစ်မှုထမ်းကိစ္စ စဥ်ဆက်မပြတ် ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး (၁)ဘီလီယံ ချေးငွေချေးယူမည့် အစုအဖွဲ့ အမှုတွဲ တင်ပြရေးနှင့် ရယူထားသည့် အစုအဖွဲ့များ အတိုး၊အရင်း အပြေအကျေ ပေးဆပ်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးရေးအတွက် မြေနေရာ၊ ပျိုးပင်များ ကြိုတင်ပြင်ဆင်ရှာဖွေဆောင်ရွက်ရန်၊ (၂၅)ကြိမ်မြောက် ရွှေရတု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ ဌာနလုပ်ငန်းများ တာဝန်ပေးအပ်ထားသည့် လုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်ရန်၊ ဌာနဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရေးနှင့် အထွေထွေကိစ္စရပ်များအား ဆွေးနွေးမှာကြားရာ ကဏ္ဍအလိုက် ဌာနဆိုင်ရာများက ပြန်လည်ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (ပြန်/ဆက်)