မိုင်းယောင်းမြို့နယ်တွင် မိုးစပါးလျာထားချက်ပြည့်မီရေး ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း ဇွန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မိုးစပါး မိုးသီးနှံစီမံကိန်း လျာထားချက်ပြည့်မှီရေးအတွက် ယနေ့နံနက်ပိုင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ဝမ်ဘိုးကျေးရွာအုပ်စု၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် မြို့နယ်အတွင်း မိုးစပါး မိုးသီးနှံစီမံကိန်း လျာထားချက်ပြည့်မီနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးဌာနကိုယ်စားပြု ခရိုင်ဦးစီးမှူး ဦးအောင်နိုင်ဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းတို့နှင့်အတူ မြေပြင်ဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မိုင်းယောင်းမြို့နယ်တွင် မိုးစပါး(လယ်) ၂၈၃၁၀ ဧကရှိသည့်အနက် လက်ရှိအချိန်အထိ ၈၂၆၀ ဧက မြေပြင်ပျိုးထောင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)