မဟာအောင်မြေမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်အား အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိ

မဟာအောင်မြေ မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၅ ခုဖြင့် ကျင်းပရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား၊သူ စုစုပေါင်း  ၁၆၅၆ ဦး လာရောက်ဖြေဆိုကြောင်းသိရသည်။

မဟာအောင်မြေမြို့နယ်အတွင်း၌ စာစစ်ဌာန ငါးခုသတ်မှတ်ထားပြီး အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ စာရင်းရှိကျောင်းသား၊ ကျောင်းသူစာရင်းရှိ ၁၇၃၃ ဦးရှိရာ ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ ၁၂၉၂ ဦး၊ ပျက်ကွက်ကျောင်းသား၊သူ ၅၅ ဦး၊ ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ ၃၆၄ဦး ပျက်ကွက် ၂၂ဦး၊ စုစုပေါင်း ဖြေဆိုသူ ၁၆၅၆ဦး၊ပျက်ကွက် ၇၇ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

အောင်ဇော်မင်း