ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာဖြေဆို

ငါန်းဇွန်  မတ် ၁၇

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာကို ယနေ့နံနက် ၉နာရီအချိန်မှစ၍ အ.ထ.က(ငါန်းဇွန်)စာစစ်ဌာနတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဇီဝဗေဒဘာသာကို အ.ထ.က(ငါန်းဇွန်)စာစစ်ဌာနတွင်ဖြေဆိုသူ ကျောင်းသား(၃၄)ဦး၊ ကျောင်းသူ(၅၈)ဦး စုစုပေါင်း (၉၂)ဦးရှိပြီး ဘောဂဗေဒဘာသာကို အ.ထ.က(ငါန်းဇွန်) စာစစ်ဌာနတွင် ဖြေဆိုသူ ကျောင်းသား (၆၇)ဦး၊ ကျောင်းသူ(၆၇)ဦး စုစုပေါင်း(၁၃၄)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြောင်းသိရသည်။

သက်နောင်ဦး(ငါန်းဇွန်)